Unicode:
ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုး ကို မလိုလားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
စစ်ကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့စဉ် အထက်ပါအတိုင်း ၎င်းက အဖွင့် အမှာစကားပြောစဉ် ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ နိုင်ငံတကာတွင်လည်း ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ ငြိမ်း ချမ်းစွာ ဖော်ဆောင်ကြကြောင်း၊ ထိုသို့ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုး ကို မလိုလားကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုက်ရိုက် ဆောင် ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာ အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု ပြောပါသည်။
Zawgyicode: