စစ်ကိုင်းတိုင်း အုပ်ချူပ်ရေးမှူးများအားလုံးနူတ်ထွက်ရန် ရက်သတ်မှတ်လိုက်ပြီ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးအားလုံး စက်တင်ဘာ ၃၀ရက်နောက်ဆုံး ထား နှုတ်ထွက်ကြဖို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

နှုတ်ထွက်ဖို့ပျက်ကွက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အကြမ်းဖက်စစ်အုပ်စုဒေါက်တိုင်အဖြစ်သတ်မှတ်ပြီး ချေမှုန်း သွားမယ်လို့လည်း ချောင်းဦးPDF ကသတိပေးထားပါတယ်။

‘လိုက်နာတာ၊မလိုက်နာတာ သူတို့တာဝန်ပေါ့။ချောင်းဦးPDFရဲ့ ပြောင်မြောက်တဲ့ချေမှုန်းတိုက်ပွဲတွေကို အား လုံးလည်းမြင်နေရပြီလေ။ဒီလိုသတိပေးထားရက်နဲ့ အုပ်ချုပ်ရေးမှူးဆက်လုပ်ပြီး စခတွေအကျိုးသယ်ပိုးနေ ဦး မယ်ဆိုရင်တော့ သူတို့ထိုက်နဲ့သူတို့ကံပဲလို့ ကျနော်တို့ပြည်သူတွေက သတ်မှတ်ကြမှာပဲ။’လို့လုံခြုံရေးအရ အမည်မဖော်လိုသူ ချောင်းဦးမြို့သားတစ်ဦးကပြောပါတယ်။

စက်တင်ဘာ၂၄ရက်နေ့၊ မနက်၁ ၁နာရီလောက်ကလည်း ချောင်းဦးမြို့နယ် ၊ကျောက်ဆစ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွာအနီးက ယာခင်းစပ်နားမှာ ဓားခုတ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရပါတယ်။သေဆုံးနေသူဦးဇော်မြင့်ဟာ အသက်၅၀လောက်ရှိပြီးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးလို့လည်းသိရ ပါတယ်။

‘အသေးစိတ်တော့မသိဘူး။ကြံ့ဖွံ့စည်းရုံးရေးမှူးဆိုတော့ ထုံးစံအတိုင်း ဒေသခံတွေနဲ့ အဆင်မပြေတာ ၊ စခ အားကိုးနဲ့မောက်မာတာတွေ ကြားဖူးတာပေါ့’လို့ သူကပြောပါတယ်။ဘယ်အဖွဲ့က ဘာ့ကြောင့်သတ်သလဲဆိုတာကို ဒီနေ့အထိ မသိသေးဘူးလို့လည်းသူက ဆက်ပြောပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *