ယနေ့ ကဗျာဆရာ သာသျှား အဖမ်းဆီးခံရ

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာ ဦးစိုးသူရကျော် (ကဗျာဆရာ သာသျှား) အဖမ်းဆီးခံရကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီထံမှ သိရသည်။

ဦးစိုးသူရကျော် ( ကဗျာဆရာ သာသျှား )သည် ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းက ခရီးသွားနေစဉ် စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကနဦးသိရှိရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်လည်း နေပြည်တော်၊ ပျဉ်းမနားမြို့မှ ကဗျာဆရာတစ်ဦးဖြစ်သူ ဦးမျိုးတေဇာမောင်ကို စစ်ကောင်စီက ၎င်း၏ နေအိမ်တွင်ဖမ်းဆီးခဲ့သည်။

ပုံစာ – ယနေ့ဖမ်းဆီးခံခဲ့ရသည့် ဦးစိုးသူရကျော် (ကဗျာဆရာ သာသျှား)
ဓာတ်ပုံ – အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီ
Crd : BAP

Leave a Reply

Your email address will not be published. Required fields are marked *