ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတ (၃) ဦးက အကြံပြုတောင်းဆို

Unicode:

ကမ္ဘာ့နိုင်ငံတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ ”ကမ္ဘာ့ကုလသမဂ္ဂ” ဖြစ်ဖို့ဆိုရင် ပြောင်းလဲတိုးတက်နေတဲ့ ခေတ်နဲ့ ကိုက်ညီမယ့် ”ကုလသမဂ္ဂလုံခြုရေးကောင်စီ”ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်တယ်လို့ ဥရောပတိုက်က လက်တီဗာ လစ်သူရေးနီးယားနဲ့ အက်စတိုနီးယားနိုင်ငံသမ္မတတွေက ပြောပါသည်။

အခုနှစ်ဟာ လက်တီဗာ လစ်သူရေးနီးယားနဲ့ အက်စတိုနီးယား(၃) နိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့တာ နှစ် ၃၀ ပြည့်နှစ်ဖြစ်ပါတယ်။” ကုလသမဂ္ဂစထောင်ချိန်ကနေ အခုချိန်ထိ ကမ္ဘာ့လူသားမျိုးဆက်​တွေပြောင်းခဲ့သလို အခင်းအကျင်းတွေလည်းပြောင်းလာပါတယ်။ အခု မျိုးဆက်သစ်တွေအတွက်ဆိုရင်လက်ရှိကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်နေပါပြီ။ လုံခြုံရေးကောင်စီဟာ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထားကို လွှမ်းခြုံကိုယ်စားပြုနေဖို့လိုနေပါပြီ” လို့ လက်တီဗာ သမ္မတ Egils Levits က ညီလာခံမိန့်ခွန်းမှာ ထဲ့သွင်းပြောသွားပါသည်။

လစ်သူရေးနီးယားသမ္မတ Gitanas Nausėda ကလည်း” လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားပြီး အားပြိုင်မှုတွေကြောင့် ဆုံးဖြတ်ချက်တွေ ချက်ချင်းမချနိုင်ကြတဲ့ အကျိုးဆက်ဟာ ရက်စက်ကြမ်းကြုပ်မှုတွေ သတ်ဖြတ်မှုတွေကို ပိုအားပေးနေသလိုဖြစ်နေပါတယ်။ စစ်ရာဇဝတ်မှုတွေ လူသားမဆန်တဲ့ဖိနှိပ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်လာရင် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ကို ကန့်သတ်ဖို့ လိုပါတယ်” လို့ ညီလာခံမှာပြောသွားပါတယ်။အလားတူ အက်စတိုနီးယားနိုင်ငံက အမျိုးသမီးသမ္မတKersti Kaljulaid ကလည်း ပိုမိုမြန်ဆန်ထိရောက်ပြီး နိုင်ငံအများစုသဘောထားကို လွှမ်းခြုံကိုယ်စားပြုမယ့်အဖွဲ့အစည်းဖြစ်ဖို့ အကြံပြုပါသည်။

သမ္မတ (၃) ဦးစလုံးဟာ စက်တင်ဘာ ၂၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းဖို့ သဘောထားတွေတင်ပြခဲ့ကြတယ်လို့သိရှိရပါတယ်။ဥရောပတိုက်က နိုင်ငံငယ် (၃) ခုဖြစ်တဲ့ လစ်သူရေးနီးယား လက်တီဗာနဲ့ အက်စတိုနီးယားနိုင်ငံတွေဟာ မြန်မာစစ်တပ်အာဏာသိမ်းတာကို တောက်လျှောက်ဆန့်ကျင်လာသလို လုံခြုံရေးကောင်စီကနေ ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ စဉ်ဆက်မပြတ်တောင်းဆိုနေတဲ့နိုင်ငံတွေလည်းဖြစ်ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *