NUG နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ မြန်မာ့နိုင်ငံရေးအခြေအနေ တွေ့ဆုံ ဆွေးနွေး

Unicode:

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ယနေ့ တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများ ကျင်းပနေဆဲ ကာလ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၊ ကြာသပတေးနေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet တို့ မြန်မာ့နိုင်ငံရေး အခြေအနေ ၊ လူ့အခွင့်အရေးအခြေအနေ ၊ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ များနှင့် COVID -19 ကာကွယ်ဆေး အကူအညီပေးရေး ဆိုင်ရာ အခြေအနေတို့ နှင့်ပက်သက်၍ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရှိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Kim W. Moy ( Senior Bureau Official for the Bureau of the East Asia) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ၊ ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး တို့လည်း တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *