ကာတွန်းအရုပ်ဝတ်စုံတွေဝတ်ပြီး လမ်းဘေးမှာဖျော်ဖြေမှုတွေလုပ်ကာ မိခင်အတွက်ငွေကူရှာပေးနေတဲ့ ကလေးငယ်

အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ Rahmadi အမည်နဲ့ Instagram အသုံးပြုသူဟာ mascot ဆိုတဲ့ လာဘ်ကောင်အရုပ်ဝတ်စုံလေးကိုဝတ်ပြီး လမ်းဒေါင့်လေးတစ်နေရာမှာ အနားယူနေတဲ့ကောင်လေးတစ်ယောက်ရဲ့အဖြစ်ကို Instagram မှာဝေမျှခဲ့ပါတယ် မေးမြန်းကြည့်ချိန်မှာတော့ ကောင်လေးဟာအဆိုပါဝတ်စုံလေးကိုဝတ်ပြီး မြို့အနှံ့လျှောက်ပတ်လည်ကာ မိခင်အတွက်ငွေကူရှာပေးနေတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်

Post မှာရေးသားထားတာကတော့နေ့တိုင်း Rehan လေးက Gatot Subroto လမ်းတစ်လျှောက်ဖြတ်လျှောက်သွားတဲ့ ရုံးဝန်ထမ်းတွေ နဲ့ အခြားသူတွေကို ကပြဆွဲဆောင်နိုင်အောင် စောစောစီးစီးအိပ်ယာထားရပါတယ် အချို့လူတွေကတော့ Rehan ရဲ့ဖျော်ဖြေမှုကို လမ်းမပေါ်က အာရုံနှောက်လွန်းတဲ့အရာ အချိန်ဖြုန်းနေတဲ့အလုပ်လို့တွေးထင်နေကြပါတယ်ဆိုပြီး ရေးသားထားခဲ့ပါတယ်

အချို့သော Rehan ရဲ့ဖျော်ဖြေတင်ဆက်မှုကိုနှစ်သက်ပြီး ရပ်ကာကြည့်ရှုနေကြတဲ့သူတွေကလည်း ဝတ်စုံရဲ့နောက်ကွယ်ကလူဟာ ကလေးငယ်တစ်ယောက်ဖြစ်နေမှန်းကို လုံးဝမသိရှိကြတဲ့သူတွေပါ Rehan လေးကတော့သူ့ရဲ့နေ့စဉ်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ street performer တစ်ယောက်ဖြစ်ဖို့ဆုံးဖြတ်ထားကြောင်း ပြောပြခဲ့ပါတယ် မိခင်ဖြစ်သူရဲ့ရှာလို့ရတဲ့ငွေတွေဟာ အိမ်ငှါးခ နှင့် Rehan ရဲ့ကျောင်းစရိတ်အတွက် ဖြစ်ပါတယ် ဒါကြောင့် Rehan လေးကပိုက်ဆံရတော့ ကောင်းတယ်ဗျ အဲတာမှ ကျွန်တော်အိမ်ကိုစားစရာတွေ ယူပြန်နိုင်မှာပါဆိုပြီး ပြောပြခဲ့ပါတယ်

Rehan ဟာ ကာတွန်းဝတ်စုံဒီဇိုင်းအမျိုးမျိုးကိုငှါးရမ်းဝတ်ဆင်လေ့ရှိပြီး ငှါးရမ်းခကိုတော့ မိခင်ဖြစ်သူကပေးလေ့ရှိကြောင်း သိရပါတယ် မနက်စောစောစီးစီး အိပ်ယာကနေထကာ လမ်းဘေးမှာဖျော်ဖြေတင်ဆက်မှုပြုလုပ်ရပေမဲ့လည်း ညနေခင်းဖက်တွေမှာ အားလပ်ချိန်ရပြီး ဘောလုံးကစားခွင့်ရခဲ့တဲ့အတွက် Rehan လေးကတော့ကလေးတစ်ယောက်ရဲ့အခွင့်အရေး နဲ့ ပျော်ရွှင်မှုကိုတော့ ရရှိနေပါသေးတယ် မိခင်ဖြစ်သူအတွက် အပိုဝင်ငွေလေးရှာပေးနိုင်လို့ Rehan ဟာအတော်လေးပျော်ရွှင်ကြောင်း ပြောပြခဲ့ပါသေးတယ်

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *