အခုလိုတက်ညီလက်ညီနှင့်သာ ကြိုးစားအားထုတ်လုပ်ဆောင်မယ်ဆိုရင် ၁၀ နှစ်အတွင်း အာဆီယံထိပ်တန်းနိုင်ငံအဖြစ်ရောက်နိုင်မည်ဟု မင်းအောင်လှိုင်ပြောကြား

တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လုပ်ဆောင်မယ်ဆိုရင် ၁၀ နှစ်အတွင်း အာဆီယံထိပ်တန်းနိုင်ငံအဖြစ်ရောက်နိုင်မယ်လို့ သောင်းကျန်းသူစစ်ခေါင်းဆောင် ပြောကြားခဲ့ပါသည်။

လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ၂၀၂၀ ပြည့်နှစ်၊ မတ်လက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေနဲ့ အချို့သော ကုန်ထုတ်လုပ်မှု လုပ်ငန်းများရပ်ဆိုင်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တတိယ (၃) လပတ်မှ စတင်ကာ နိုင်ငံ၏စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်အထိ စီးပွားရေးအခြေ အနေ ဆက်လက်ကျဆင်းလျက်ရှိနေတယ်လို့ သောင်းကျန်းသူ စစ်‌‌ေကာင်စီခေါင်းဆောင်က ပြောဆိုလိုက်ပါသည်။

စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားတဲ့ ယနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါသည်။

မိမိတို့ အနေ့နဲ့တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လုပ်ဆောင်မည်ဆိုပါက အာဆီယံတွင်း အလယ်အလတ် အဆင့်ရှိ နိုင်ငံအဖြစ် ၅ နှစ်အတွင်းရောက်နိုင်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်းတွင် အာဆီယံထိပ်တန်းနိုင်ငံအဖြစ်ရောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်းလည်း ရှာရိုးမရှိ အရှက်တရားလွန်စွာကင်းမဲ့စွာ သူကပြောပါသည်။

ဖွံ့ဖြိုးမှု့အနည်းဆုံးနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ရမယ့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်ခဲ့သလို LDC နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် သတ်မှတ်ထားသည့် စံနှုန်းများဆက်လက်ပြည့်မီရေးကိုလည်း စီမံကိန်းများ၊ လုပ်ငန်းစဉ်များနဲ့ ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်း စစ်ခေါင်းဆောင်က အစည်းအဝေးမှာ အရှက်္မရှိမှာကြားခဲ့ပါသေးသည်။

ကမ္ဘာမှာကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအခြေအနေဆိုးရွားမှုကို နိုင်ငံတော်တော်များများမှာရင်ဆိုင်နေရပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက်္မှာ ပိုမိုဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ ယမန်နေ့ကပဲ ဝန်ထမ်း ၁၀၀၀ကျော်လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတစ်ရုံလည်းပိတ်ခဲ့ရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *