အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန် ဆောင်ရွက်နေခြင်းဖြစ်ဟု စစ်ခေါင်းဆောင်ပြော

အစိုးရချမ်းသာဖို့မဟုတ်ဘဲ တိုင်းပြည် ချမ်းသာဖို့အတွက် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။စက်တင်ဘာ ၂၂ ရက်က နေပြည်တော်မှာကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က “တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ခွင့်ပြုရန်ပုံငွေတွေကို ပြည် သူလူထုအတွက် အသုံးပြုဖို့လုပ်အပ်တယ်၊ မိမိတို့ဟာ နိုင်ငံရေးအစိုးရ မဟုတ်ပေမယ့် ပကာသနကိုလျှော့ချကာ တိုင်းပြည်အတွက် လက်တွေ့အကျိုးရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမယ့် လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်မှုတွေဟာ အစိုးရချမ်းသာရန်မဟုတ်ဘဲ တိုင်းပြည်ချမ်းသာရန်အတွက် ဆောင် ရွက်နေခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

တိုင်းပြည်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အ ဖြစ်မှ လွတ်မြောက်ဖို့အတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေ ဆက်လက်ပြည့်မီရေး ကိုလည်း စီမံ ကိန်းတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်အကောင် အထည်ဖော် ဆောင်ရွက် သွားကြဖို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *