ယမ်းငွေ့နှင့်လောကဒဏ်တွေကြား ရှင်သန်နေဆဲ စစ်ဘေးရှောင်အမျိုးသမီးများနှင့်ဖြစ်ရက္မှန်မြင်ကွင်း

ယမ်းငွေ့နှင့်လောကဒဏ်‌ေတွကြား ရှင်သန်နေဆဲ စစ်ဘေးရှောင်အမျိုးသမီးများ၏ရှင်သန်ခဲ့ရသည့်အကြောင်းအရင်းများ၏ရင်ဖွင့်ပြောကြားသံ

ဒုက္ခသည်မိခင်များစိမ်းစိုစိုလယ်ကွင်းပြင်ကြီးတွေကြားမှ ခပ်ရှည်ရှည်တဲတန်းရှည်ကြီးကို အဝေးကနေလှမ်းမြင်နေရပါသည်။လေးမြို့ မြစ်အရှေ့ဖက်ကမ်းမှလှမ်းမြင်ရသည့် လက်ပြတ်တောင်တန်းဆီမှ လယ်ကွင်းပြင်ကျယ်ဆီသို့ ဖြတ်သန်းတိုက်ခတ်လာနေသော လေနှင့်အတူ မိုးစပါးရနံ့များသည် စွဲလမ်းဖွယ်ကောင်းနေသည်။ 

နေသာချိန်တိမ်တောက်ပြီး လေထဲတွင်လွင့်နေသော သာသနာ့အလံ၊ ရခိုင်အလံများအောက်တွင် “စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း” ဟု ရေးထားသည်ကို တွေ့ရှိရပါသည်။စခန်းထဲတွင် ကလေးငယ်များ ပြေးလွှားဆော့ကစားနေကြသည်ကို မနီးမဝေးမှလှမ်းမြင်နေရသလို ချိုင်းထောက် နှစ်ဖက်နှင့် လှမ်းထွက်လာနေသော မသန်စွမ်းတစ်ဦးကိုလည်း တွေ့လိုက်ရသည်။

”မတို့က ကိုယ်ငွေနဲ့ကိုယ် သွားလို့ပြရတယ်။ ငွေမရှိရင်လည်း မပြနိုင်ဘူး။ အရင်တခါက မတို့မိဘတွေက ငွေသုံးသောင်းပေးလို့ သွားပြခဲ့တယ်။ နောက်တစ်ခေါက် ရှစ်လပိုင်းတခါသွားမယ်လို့ ငွေအဆင်မပြေလို့ မသွားရသေးဘူး” လို့ မော်ရွာသစ်ကနေ ထွက်ပြေးခိုလှုံနေသူ ကလေး ၂ ယောက်အမေ၊ အသက် ၃၇ နှစ်အရွယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဦးသန်းနွယ်က ဆိုပါသည်။

သူမတို့နေထိုင်ရာ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ရေလမ်းတစ်တန်၊ ကုန်းလမ်းတစ်တန်နှင့် ၁၀ မိုင်ခန့်ဝေးသော မြောက်ဦးမြို့ပေါ်ရှိ ဆေးရုံသို့ သူမရဲ့တတိယမြောက်ကိုယ်ဝန်ကို မိုးကြီး၊ လေဒဏ်ကြားမှ အန္တရာယ်ကြီးစွာ သွားရောက်ပြသခဲ့ရခြင်းဖြစ်သည်။

”’ကိုယ်ဝန်ကို မြောက်ဦးကိုသွားပြရင် မိုးရာသီ ချောင်းတွေ၊ မြစ်တွေကို ဖြတ်ပြီးသွားရတယ်” ဟု သူမရင်ဆိုင်ကြုံ တွေ့နေရသော အခက်အခဲဒုက္ခ၊စိန်ခေါ်မှု့များကို ပြောပြသည်။

မဦးသန်းနွယ်တို့မိသားစုအပါအဝင် ၄င်းစခန်းမှ စစ်ဘေးရှောင်များသည် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား ၂၀၁၉၊ ဆောင်းရာသီ၌ မြောက်ဦးမြို့နယ်၊ဘုရားကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းထဲ၌ ကလေးများ ၊သက်ကြီးရွယ်အိုများ ၊မသန်စွမ်းများအပါအဝင် အိမ်ထောင်စု ၇၇၅ စု နှင့် လူဦးရေ ၃,၉၀၁ ဦးရှိနေသည်။ ၄င်းစင်းဘောကိုင်းစစ်ရှောင်စခန်းတွင် မဦးသန်းနွယ်နည်းတူ ကိုယ်ဝန်ဆောင် ၂၀ ဦးရှိနေပြီး အလုပ်အကိုင်မရှိခြင်းကြောင့် မိသားစုဝင်ငွေမရှိသလို ကလေးမွေးဖွားဖို့အတွက်ပင် အခက်အခဲများစွာ ကြုံတွေ့နေကြရပါသည်။

စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်၏ အရှေ့ဖက်ကမ်း စင်းဘောကိုင်းကျေးရွာအလွန် လယ်ကွင်းပြင်ကျယ်ကြီးအတွင်းတွင် တည်ရှိသည်။ ၄င်းနေရာတွင် ဘုရားကြီး၊ မော်ရွာသစ်၊ မော်ရွာဟောင်း၊ ပန်းမြောင်းနှင့် ကုလားတန်မြစ်ဖျားပိုင်းရှိ အထက်တင်းမ၊ အောက်တင်းမ အစရှိသော ကျေးရွာများမှ စစ်ဘေးရှောင်လာသူများ ခိုလှုံနေကြခြင်း ဖြစ်သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများရပ်တန့်နေသည်မှာ ဆယ်လကျော်ထိရှိနေသော်လည်း စစ်ဘေးရှောင်တစ်သိန်းကျော်သည် ယခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ရှိနေသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းတွင် စင်ဘောကိုင်းစစ်ဘေးရှောင်စခန်းထဲမှ အသက်၄၀ကျော်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စခန်းတစ်ခုလုံးကို Lock down ချထားခဲ့ရသည်။

ကိုဗစ်ကပ်ဘေးနှင့်အတူ စစ်ကောင်စီ၏ ကန့်သတ်ချက်တချို့ကြောင့် နှစ်လကျော်သည်ထိ စားနပ်ရိက္ခာအကူအညီမရရှိခဲ့ခြင်းကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် လောကဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့ကြရပါသည်။

”ဒီမှာက ချက်ပြုတ်စားသောက်ဖို့ ထင်းတွေ၊ မီးသွေးတွေကလည်းနည်းတယ်။ ချက်စား ပြုစားရတာ အိမ်ရှင်မတွေအတွက် အဆင်မပြေပါ။ ကယ်ဆယ်ရေးဆန်တွေဘာတွေမရရင် မြတန်ဆောင်ဆရာတော်က စီစဉ်ကူညီပေးပါတယ်” ဟု မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အရှေ့ဖက်ကမ်းရှိ စင်ဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ရှင်းပြခဲ့ပါသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်လိုအပ်ချက်များရှိလာခဲ့ပါက ၄င်းစခန်းကို တာဝန်ယူကြီးကြပ်ပေးနေသော မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်ဆရာတော်က တာဝန်ယူကူညီဖြေရှင်းပေးနေသည် ဟု စစ်ဘေးရှောင်များက ဆိုပါသည်။ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုညီပုက ”ကျန်းမာရေးစောင့်ရှောက်္မှု့ လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုရင် အဓိက ဆေးဝါးလိုတယ်။ ပြီးရင် ဆေးဝါးရောက်လာပြန်ရင်လည်း ကျန်းမာရေးဝန်ထမ်းတချို့လိုအပ်ပါတယ် ” ဟု ပြောပါသည်။

စစ်ရှောင်စခန်းသည် မြောက်ဦးမြို့၏ အရှေ့မြောက်ဖက် ၁၀မိုင်ခန့်အကွာ၊ လေးမြို့မြစ်အရှေ့ဖက်ကမ်းတွင် တည်ရှိခြင်းကြောင့် ကုန်းတစ်တန်၊ ရေတစ်တန် သွားလာရသလို မိုးတွင်းရေကြီးချိန် လေးမြို့မြစ် ရေစီးသန်တာကြောင့် လာရောက်ကူညီထောက်ပံ့မှုတွေ မရှိကြတာဟု စခန်းတာဝန်ခံက ဆက်လက်ရှင်းပြခဲ့ပါသည်။

ရခိုင်ပြည်နယ်အိမ်စောင့်အစိုးရဖက်ကမူ ဘဏ်များမှ ငွေထုတ်ရခက်ခြင်းနှင့် ကိုဗစ်ကန့်သတ်ချက်္များကြောင့်ကူညီထောက်ပံရေးကိစ္စတစ်ချို့တွင် အချိန်ကြန့်ကြာမှုများ ရှိခဲ့သည် ဟု ဝန်ခံထားသည်။

ကုလသမဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်(UNSCR 1325)မြန်မာအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ၌ အမျိုးသမီးများအရေး သဘောတူညီချက်အချို့ကို လက်္မှတ်ရေးထိုးထားသော်လည်း အကောင်အထည်ဖော်လုပ် ဆောင်ပေးမှုမရှိခြင်းကြောင့် အမျိုးသမီးများသည် အကူအညီနှင့် ကာကွယ်စောင့်ရှောက်္မှု့ မရရှိဘဲ ရှင်သန်ရပ်တည်နေကြရပါသည်။

မြန်မာပြည်အရပ်ရပ်မှ စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ မလုံခြုံမှုများကို ခံစားနေကြရသည် ဟု ဆိုပါသည်။‘အရွယ်ရောက်နေတဲ့ မိန်းကလေးတွေဆိုရင် ဒီလိုဟာလာဟင်းလင်းမှာ နေရတာမကောင်းဘူး။ ကိုယ့်အခန်းလေးနဲ့ကိုယ် လုံလုံခြုံခြုံလေးနေချင်တယ်။ ကျမလည်း အပျိုတစ်ယောက်ပါ။ ဒီစစ်ရှောင်စခန်းတွေမှာနေနေရတာ မလုံမခြုံခံစားရတယ်” ဟု စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းရှိ အသက် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးဖြစ်သော မသက်စုမွန်က သူမ၏ ခံစားချက်ကို ပြောပြလာပါသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့်ဘေးကင်းလုံခြုံရေးကို အထူးအလေးထားသော ဆုံးဖြတ်ချက်တစ်ခုရှိသည်။ ထိုဆုံးဖြတ်ချက်ကို အမျိုးသမီးများအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ လ ၃၁ ရက်နေ့ တွင် ပထမဆုံး အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

၄င်း ကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၌ အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှု (Participation)၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း (Protection) ၊ ကြိုတင်တာဆီးခြင်း (Prevention) ၊ ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး(Relief and Rec overy)စသည့် အချက်္များပါဝင်ခဲ့သည်။

အထက်ပါအချက်္များကို ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကလည်း လိုက်နာအကောင်အထည်ဖော်ရန် တာဝန်ရှိသည်။”အဓိက တဲလေးတွေကို လေလုံမိုးလုံ လုံလုံခြုံခြုံလေးဖြစ်ချင်တယ်။ ရေချိုးနေရတာလည်း အဆင်မပြေဘူး။ ယောက်ျားနဲ့ မိန်းမတွေနဲ့ အတူချိုးနေရတယ်။ တဲမှာရေချိုးမယ်ဆိုလည်း ရေပုံးတွေက လုံလုံလောက်လောက်မရှိဘူး” ဟု မသက်စုမွန်က သူမတို့ကြုံတွေ့ရင်ဆိုင်နေရမှုတွေကို ပြောပြထားပါသည်။

မြန်မာတစ်နိုင်ငံလုံးမှ အမျိုးသမီးများ ဘေးကင်းလုံခြုံရေးအတွက် အစိုးရဖက်က ဥပဒေအရ အကာအကွယ်ပေးရမည့် တာဝန်ရှိနေသော်လည်း ယနေ့အချိန်ထိ ပျက်ကွက်နေဆဲပဲ ဟု အမျိုးသမီးအရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြသည်။

ပြည်ထောင်စုသဘောတူစာချုပ်…….နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်ကို လက်္မှတ်ရေး ထိုးခဲ့ကြသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)လူမှုရေးကဏ္ဍအပိုဒ် ၃ တွင် “ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှုမရှိဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်” ဟု ဆိုထားသော်လည်း စစ်ဘေးရှောင်အမျိုးသမီးများအတွက် သီးသန့်ကူညီဆောင်ရွက်ပေးခြင်းမျိုး မရှိသေးဘူး ဟု ဆိုကြသည်။

ထိုပြည်ထောင်စုသဘောတူစာချုပ်ကို လက်္မှတ်ရေးထိုးထားသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်းက အမျိုးသမီးများအတွက် သီးသန့်လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ဟု ဆိုပါသည်။

”အမျိုးသမီးတွေကိစ္စဆိုတဲ့အခါမှာ လူမှု့သဟဇာတဖြစ်ရုံနဲ့ မရဘူး၊ အမျိုးသမီးတွေအတွက် ဆိုလို့ရှိရင် affirmative action ကလိုတယ်။ affirmative Action က ဘာကြောင့် လိုသလဲ ဆိုလို့ရှိရင် ဥပမာ ဒုက္ခသည် စခန်းတစ်ခုမှာ ဆိုပါစို့ ၊ အမျိုး သားတစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လိုအပ်ချက် မတူဘူး ‘’ဟု ရှင်းပြခဲ့သည်။

မြန်မာပြည်တွင်းရှိ ကိုယ်ဝန်ဆောင်များ အပါအဝင် အမျိုးသမီးများအတွက် ဥပဒေအရ အစိုးရက အကာအကွယ်ပေးရမယ့်တာဝန်ရှိနေသော်လည်း ပဋိပက္ခဒေသမှ စစ်ဘေးရှောင်အမျိုးသမီးများကမူ မသက်ဆိုင်၊ မခံစားရသကဲ့သို့ ဖြစ်နေကြသည်။

ရခိုင်မှ စစ်ဘေးရှောင်စခန်းအားလုံးရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးသည် သူမတို့အတွက် အစိုးရဖက်က သီးသန့်အကူအညီမရရှိခြင်း ၊ မိသားစု အလုပ်အကိုင်မရှိခြင်း၊ ဝင်ငွေမရှိခြင်းများကြောင့် အစာအဟာရပြည့်ဝစွာ စားသုံးခွင့်မရကြသလို ကိုယ်ဝန်အား ကျန်းမာရေးစစ်ဆေးပြသခွင့် ပုံမှန်မရကြခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်နေကြရသော အခြေအနေများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရတယ် ဟု စစ်ဘေးရှောင်များက ဆိုပါသည်။

”အမျိုးသမီးတွေကများတော့ လစဉ်သုံးတွေလည်း လိုအပ်ပါတယ်။ မလုံလောက်တဲ့ သူတွေမှာမလုံလောက်ကြဘူး။ အမျိုးသမီးဝတ်တဲ့အဝတ်အစားတွေ၊ ဗရာဇီယာတို့၊ အတွင်းခံတို့လည်းလိုအပ်တယ်။ လာလှူတဲ့လူတွေတော့ရှိတယ်။ ဒါပေမဲ့ အရမ်းနည်းပါတယ်” လို့ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ စခန်းမှ အမျိုးသမီးများသည် အလုပ်အကိုင်မရှိခြင်း၊ ဝင်ငွေမရှိခြင်းကြောင့် ဝယ်ယူသုံးစွဲဖို့မတတ်နိုင်ကြသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ကူညီပေးခြင်းလည်း မရှိသလောက်ဖြစ်သွားခြင်းကြောင့် အဆင်ပြေသလို ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း ရှင်းပြခဲ့ပါသည်။

“အသက်္မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဝင်ငွေရရှိသည့်လုပ်ငန်းစဉ်များ IDP စခန်းအတွင်း ဖန်တီးပေးခြင်းနှင့် IDP စခန်းပြင်ပတွင် အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် အမျိုးသားနှင့် အမျိုးသမီး IDP များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရမယ်။ အဲ့လို ဆောင်ရွက်ပေးရင် IDP တွေ အနေနဲ့ နိုင်ငံတကာ အကူအညီအပေါ် မှီခိုရမှုများ လျော့ကျလာမည် “ ဟု လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ဆိုထားပါတယ်။

(ပိုမိုထိခိုက်ခံစားရသူမျာ)…..ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ရှောင်အမျိုးသမီးများသည် အခက်အခဲများကြား ကြိုးစားရုန်းကန် ရှင်သန်နေကြရသည် ဟု စစ်ဘေးရှောင်များက ဆိုပါသည်။

”အစိုးရအနေနဲ့က အမျိုးသမီးရယ်လို့ ခွဲခြားလို့တော့မရှိဘူး။ အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ သက်ကြီးရွယ်အိုလို့ ခွဲခြားလို့မရှိဘဲ စစ်ဘေးရှောင်ဆိုတော့ စစ်ဘေးရှောင်အုပ်စုအတွက်ပဲ စဉ်စားတယ်” ဟု စစ်ကောင်စီ၏ ရခိုင်ပြည်နယ် အိမ်စောင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးသန်းထွန်းက ပြေကြားခဲ့သည်။

ရခိုင်ရှိ စစ်ဘေးရှောင်အမျိုးသမီးများအတွက် အစိုးရတွင် သီးသန့်ရံပုံငွေမရှိခြင်းကလည်း စခန်းရှိ ကိုယ်ဝန် ဆောင်အမျိုးသမီးများကို ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေးထောက်ပံ့နိုင်မှု မရှိခြင်းများကြောင့် အခက်အခဲများကို ပိုမိုရင်ဆိုင်ကြုံတွေ့ရစေသည် ဟု ဆိုကြပါသည်။

”ကျမတို့မိန်းကလေးတွေအတွက်တော့ နေဖို့နေရာ လုံလုံခြုံခြုံဖြစ်ဖို့နဲ့ စားဖို့သောက်ဖို့ လုံလုံလောက်လောက်နဲ့ အဆင်ပြေချင်တယ် ”ဟု မသက်စုမွန်က စစ်ဘေးရှောင်အမျိုးသမီးများ၏ လိုအပ်ချက်နှင့် ဘေးကင်းလုံခြုံရေးကို ပြောပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ၊ ၃၅၁ တွင် ”မိခင်များ၊ ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည် ” ဟု ရေးသားဖော်ပြထားသည်။

မဦးသန်းနွယ်က သူမတို့တွင် ကလေးတစ်ယောက်ဆုံးသွားခဲ့ရပုံနှင့် ယခုကိုယ်ဝန်ကို မွေးဖို့ ငွေကြေးလိုအပ်နေပုံ၊ စိုးရိမ်စိတ်ရှိနေပုံတို့ကို ပြောပြသည်။

သူမ ယခုလွယ်ထားရသော ကိုယ်ဝန်သည် သူမ၏ တတိယမြောက်ကိုယ်ဝန်ဖြစ်ပြီး ကလေးမွေးရန် ငွေကြေးအပါအဝင် ဆေးရုံသို့သွားလာရန် လမ်းခရီးကအစ ခက်ခဲကြမ်းတမ်းနေသော်လည်း သူမကတော့ အဆင်ပြေအောင်မွေးမယ် ဟု လည်း အားတင်းပြောလာသည်။

”အရင်ပထမတစ်သားတုန်းကလည်း ဆေးရုံမှာမွေးပြီး သေသွားတုန်းက ငွေလေးသိန်းကျော်လောက်ကုန်ပါတယ်။ အဲဒီတုန်းကလည်း ကလေးအသက်ကိုမရလိုက်ဘူး “ ဟု မဦးသန်းနွယ်က စိတ်ထိခိုက်ကြေကွဲခံစားရသော လေသံနှင့် ဆိုပါသည်။

သူမ၏ ဒုတိယမြောက်ရင်သွေးကို လမ်းခရီးသွားလာရခက်ခဲခြင်းကြောင့် ဆေးရုံမှာမွေးပြီး ဆုံးသွားခဲ့ရပုံ၊ ယခုကိုယ်ဝန်ကိုမွေးဖို့ ငွေကြေးလိုအပ်နေပုံ၊ စိုးရိမ်စိတ်ရှိနေပုံများကို ပြောပြပြီး ၄င်းအခက်အခဲစိန်ခေါ်မှုများကြားမှ ကလေးကို အဆင်ပြေပြေနှင့် ရအောင်မွေးမယ် ဟု လည်း သူမက အားတင်းရင်း ထပ်ပြောပြသည်။

မိုးရာသီဖြစ်သော်လည်း ပူပြင်းလွန်းသော နေ့လယ်ခင်း၌ သူမတို့မိသားစုနေထိုင်သော ဓနိမိုး၊ တာဘော်လိပ်ကာ၊ ပြိုလုလုတဲကလေး၏ ဝါးကြမ်းခင်းကျဲကျဲလေးပေါ်တွင် ထိုင်နေရင်း သူမရဲ့ခပ်နွမ်းနွမ်းဗိုက်ဖုံးအက်ျီအောက်က ကိုယ်ဝန် ၇ လကျော်ဗိုက်ကို လက်နဲ့ပွတ်လျက် မဦးသန်းနွယ်သည် လေးလံနေသော သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပါတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *