လုံခြုံရေးကောင်စီဟာ အစ္စရေး–ပါလက်စတိုင်းအရေးအတွက် ကြေညာချက် ထုတ်ပြန်ဖို့အခက်အခဲတွေ့နေပြီး ကြေညာချက်မူကြမ်းကို အမေရိကန်က နောက်တစ်ကြိမ် ကန့်ကွက်တာကြောင့် မထုတ်ပြန်နိုင်ဘဲ ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း သိရှိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က လေကြောင်းအသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် ပါလက်စတိုင်းအရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ရအပြီးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်ပေးဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုတာတွေရှိနေပြီး တရုတ်၊ တူနီးရှားနဲ့ နော်ဝေတို့ ပူးပေါင်းတင်သွင်းတဲ့ ကြေညာချက်မူကြမ်းကို အမေရိကန်ရဲ့ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ထုတ်ပြန်ဖို့ ခက်ခဲနေရတာပဲဖြစ်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးဟာ ကြေညာချက်မူကြမ်းကို သဘောတူညီကြပေမယ့် တရားဝင်ထုတ်ပြန်ကြေညာမယ့်ကိစ္စကိုတော့ လက်ရှိအချိန်မှာ ထောက်ခံနိုင်ဖို့ မရှိဘူးလို့ အမေရိကန်ကကန့်ကွက်တဲ့အတွက်ကြေညာချက်မူကြမ်းဟာ တရားဝင်ကြေညာချက်အဖြစ် ထုတ်ပြန်နိုင်တဲ့အဆင့်ကို ရောက်မလာနိုင်ခဲ့တာလို့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အမေရိကန်ဟာ အစ္စရေး–ပါလက်စတိုင်းအရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီး ကြေညာချက်ထုတ်ပြန်မယ့်ကိစ္စကို တတိယအကြိမ်မြောက်အဖြစ် ကန့်ကွက်လိုက်တာဖြစ်ပြီး မြေပြင်က အဖြစ်အပျက်တွေမှာအပြစ်မဲ့အရပ်သားပြည်သူတွေသေဆုံးမှုက တစ်ရက်ထက်တစ်ရက် ပိုပြီး မြင့်တက်လာနေပြီဖြစ်လို့ အခြေအနေတည်ငြိမ်အေးချမ်းရေးအတွက် ပိုပြီး အလေးထား အဖြေရှာဖို့ လိုအပ်နေပြီဖြစ်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတစ်ချို့က ပြောကြားထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဒီကနေ့(မေလ ၁၈ ရက်နေ့)မှာတော့ အရေးပေါ် တံခါးပိတ်အစည်းအဝေး ထပ်မံကျင်းပဖို့ စီစဉ်နေပြီး ဒါဟာ မေလ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း အစ္စရေး–ပါလက်စတိုင်း အရေးအတွက်စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့အစည်းအဝေးဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
Zawgyi/
အစ္စရေး–ပါလက်စတိုင်းအရေး ကြေညာချက်မူကြမ်းကို အမေရိကန်ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မထုတ်ပြန်နိုင်ခဲ့
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အစ္စရေး–ပါလက်စတိုင်းအရေးအတွက် ကြေညာချက် ထုတ်ပြန်ဖို့အခက်အခဲတွေ့နေပြီး ကြေညာချက်မူကြမ်းကို အမေရိကန်က နောက်တစ်ကြိမ် ကန့်ကွက်တာကြောင့် မထုတ်ပြန်နိုင်ဘဲ ဆိုင်းငံ့ထားရဆဲဖြစ်ကြောင်း သိရှိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က လေကြောင်းအသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် ပါလက်စတိုင်းအရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ရအပြီးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်ပေးဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုတာတွေရှိနေပြီး တရုတ်၊ တူနီးရှားနဲ့ နော်ဝေတို့ ပူးပေါင်းတင်သွင်းတဲ့ ကြေညာချက်မူကြမ်းကို အမေရိကန်ရဲ့ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ထုတ်ပြန်ဖို့ ခက်ခဲနေရတာပဲဖြစ်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးဟာ ကြေညာချက်မူကြမ်းကို သဘောတူညီကြပေမယ့် တရားဝင်ထုတ်ပြန်ကြေညာမယ့်ကိစ္စကိုတော့ လက်ရှိအချိန်မှာ ထောက်ခံနိုင်ဖို့ မရှိဘူးလို့ အမေရိကန်ကကန့်ကွက်တဲ့အတွက်ကြေညာချက်မူကြမ်းဟာ တရားဝင်ကြေညာချက်အဖြစ် ထုတ်ပြန်နိုင်တဲ့အဆင့်ကို ရောက်မလာနိုင်ခဲ့တာလို့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အမေရိကန်ဟာ အစ္စရေး–ပါလက်စတိုင်းအရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီး ကြေညာချက်ထုတ်ပြန်မယ့်ကိစ္စကို တတိယအကြိမ်မြောက်အဖြစ် ကန့်ကွက်လိုက်တာဖြစ်ပြီး မြေပြင်က အဖြစ်အပျက်တွေမှာအပြစ်မဲ့အရပ်သားပြည်သူတွေသေဆုံးမှုက တစ်ရက်ထက်တစ်ရက် ပိုပြီး မြင့်တက်လာနေပြီဖြစ်လို့ အခြေအနေတည်ငြိမ်အေးချမ်းရေးအတွက် ပိုပြီး အလေးထား အဖြေရှာဖို့ လိုအပ်နေပြီဖြစ်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတစ်ချို့က ပြောကြားထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဒီကနေ့(မေလ ၁၈ ရက်နေ့)မှာတော့ အရေးပေါ် တံခါးပိတ်အစည်းအဝေး ထပ်မံကျင်းပဖို့ စီစဉ်နေပြီး ဒါဟာ မေလ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း အစ္စရေး–ပါလက်စတိုင်း အရေးအတွက်စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့အစည်းအဝေးဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Channel News Asia and Aljazeera