သံအမတ်ကြီးဦးကျော်မိုးထွန်းနေအိမ်ကို စကစတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေမှုများပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိဘများနေထိုင်သော ရန်ကုန်မြို့ရှိနေအိမ်ကို စစ်ကောင်စီတပ်များက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းမိဘများနေထိုင်သောနေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေခြင်းဖြစ်ပြီး သံအမတ်ကြီး၏မိဘများမှာ ကြိုတင်ရှောင်တိမ်းနေကြသည့်အတွက် မည်သူမျှ ဖမ်းဆီးခြင်းမခံရကြောင်း သိရသည်။

“မနေ့ညသန်းခေါင်လောက်က အဲ့သတင်းကြားတယ်။ အဲဒီအိမ်မှာ အရင်က ကျနော့်အဖေနဲ့အမေ တောက်လျှောက်နေခဲ့တယ်။ အဖေနဲ့အမေက အသက် ၈၀ ကျော်၊ ၈၅ နှစ် ပတ်ဝန်းကျင်ရှိပြီ။ သူတို့ ၂ ယောက်ပဲ အမြဲတမ်းနေပါတယ်။ ဖေဖော်ဝါရီ ၂၆ ကျနော်ဒီမှာ (နယူးယောက်မြို့) မိန့်ခွန်း ပြောပြီးတဲ့နောက် ၂၇ ရက်နေ့မှာပဲ သူတို့အဲဒီအိမ်ကနေ ရှောင်နေရတယ်။ ဒါကြောင့် အိမ်ကပိတ်ထားတာ ၆ လကျော် ရှိပါပြီ။ ကိုယ့်မိဘနေခဲ့တဲ့ အိမ်ဖြစ်တဲ့အတွက် စိတ်ပူတယ်။ လောလောဆယ် လူမနေပေမယ့် အိမ်ထဲမှာ ပစ္စည်းတွေက ဒီတိုင်းထားခဲ့တာ ဆိုတော့ သူတို့ဘာလုပ်ခဲ့သလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ”ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ကို ပြောသည်။

စစ်ကောင်စီ၏ယခုလုပ်ရပ်မှာ လူဆိုး၊ သူခိုး၊ အကြမ်းဖက်သမားများသာလုပ်ဆောင်သည့် အောက်တန်းစားလုပ်ရပ် ဖြစ်ကြောင်းနှင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မှတ်ချက်ပြုသည်။

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာသိမ်းယူပြီးနောက် ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကို ဆက်လက်ခန့်အပ်ခဲ့သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သည့်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ပြုလုပ်သည့် အလွတ်သဘော ဆွေးနွေးပွဲတွင် မိမိမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ၏ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာကာ ပြည်သူ ဘက်က ရပ်တည်ခဲ့သူဖြစ်သည်။

ပြည်သူဘက်ကရပ်တည်ကာ CDM ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖေဖော်ဝါရိ ၂၇ ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်တရားစွဲခဲ့သလို ၎င်းအား မြန်မာ နိုင်ငံပြန်လွှဲပေးရန် အမေရိကန်အစိုးရထံ တောင်းခံခဲ့သော်လည်း အမေရိကန်အစိုးရက ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။

နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက စေလွှတ်သည်ဟုယူဆရသော မြန်မာ ၂ ဦးက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် စီမံကြိုးစားသဖြင့် အမေရိကန်နိုင်ငံက သံအမတ်ကြီး၏လုံခြုံရေးကို တာဝန်ယူစောင့်ရှောက်ပေးထားကြောင်း သိရသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *