ပုလဲမြို့နယ်အတွင်း တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ် ၃ ဦး ဒဏ်ရာရရှိပြီး၊ ကန်းတောင့်ရဲစခန်း မီးရှို့ခံရ

Unicode:

ယနေ့မွန်းလွဲပိုင်း တစ်နာရီခန့်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအနောက်ဘက်ရှိ ချဉ်ပစ်ကျင်းရွာနှင့် နွယ်အင်းရွာအကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံက သတင်းပေးပို့လာပါသည်။

“စစ်ကောင်စီတပ်တွေ တက်လာတာကို ပစ်ဖို့ စောင့်နေတုန်း ခွင်ထဲမရောက်ခင် သေနတ်သံထွက်သွားတော့ လိုချင်သလိုတော့မဖြစ်လိုက်ဘူး။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တော့ ပြန်ဆုတ်လာခဲ့လိုက်ရတယ် ” ဟု သတင်းပေးပို့သူ ဒေသခံက ဆိုပါသည်။

ဖြစ်စဉ်တွင် စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှု မသိရသေးကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦးဒဏ်ရာရကြောင်း ဒေသခံကဆိုသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် ညနေ ၄ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ရာနေရာနှင့် မလှမ်းမကမ်းတွင်ရှိသည့် ကန်းထောင့်ကျေးရွာရှိ စစ်ကောင်စီရဲစခန်း(ဟောင်း) မီးရှို့ဖျက်ဆီးလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရဲ ၅၀ လောက် အဲ့ဒီကန်းထောင့်စခန်းမှာ တပ်စွဲမယ်လို့ သတင်းကြားတယ်။ ရဲ ၅၀ က ပုလဲကိုရောက်နေပြီ ။ အဲ့ဒါ သူတို့တပ်မစွဲခင် စခန်းကို မီးသွားရှို့လိုက်တယ်လို့ သိရတယ်” ဟု ဒေသခံက ဆိုသည်။

အဆိုပါ ရဲစခန်းဟောင်းသည် စစ်ကောင်စီတပ်များ စွန့်ခွာထားသော စခန်းဖြစ်ကြောင်း နှင့် ယခုတွင် နယ်မြေစိုးမိုးရေးအရ ယင်းနေရာတွင် တပ်ပြန်စွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *