ဖခင်ဖြစ်သူဦးဇင်ဝိုင်းအတွက် မင်းမော်ကွန်း စိတ်ပူစိုးရိမ်‌ေနရကြောင်းရေးသား

Unicode:

သရုပ်ဆောင် မင်းသားဇင်ဝိုင်းကို စိတ်ပူပြီး ရင်တွင်း စကားတွေပြောပြလာတဲ့ Kyi Thar Hyay Lwin ရဲ့ ပြောစကားတွေ ဖြစ်ပါတယ်။သရုပ်ဆောင် မင်းသား မင်းမော်ကွန်းနှင့် သရုပ်ဆောင် မင်းသား ဇင်းဝိုင်းဟာ လူမသမာတွေ မတရားအာဏာရယူချိန်ထဲက ပြည်သူတွေနဲ့အတူတသားထဲ တိုက်ပွဲဝင်နေသူလဲ ဖြစ်ပါတယ် … ဒီလို ပြည်သူဘက်တော်သားဖြစ်တဲ့အတွက် ဖမ်းဝရမ်း ထုတ်ခံထားရသူတွေလဲ ဖြစ်ပါသည်။

မင်းမော်ကွန်းဟာ သူ့အဖေကို စိတ်ပူလို့ နေသလိုသူ့ညီ Kyi Thar Htay Lwin ဟာလဲ ဖခင်အတွက် အခုလို အဝေတနေရာကနေ စားလေးရေးလိုက်ပါတယ်။” သို့အဖေသားလေ … အဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ … ကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ်ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သားစိတ်တွေ အရမ်းပူနေခဲ့ပါတယ် … မရယ်နိုင် မပြုံးနိုင်လောက်အောင်ပါပဲ … အဖေနဲ့ ကိုကို တခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ် … ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့ အချိန်ကစပြီး သားမှာ စိုးရိမ်စိတ်တွေ မရှိတော့ဘူး အဖေ အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ်သားတဲ့အရိပ်အယောင်တွေကို မြင်လိုက်ရတယ် … အမှန်တရားကလွဲရင်ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာသိလိုက်ရတယ်…အဖေ အမှန်တရားအတွက် လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီး သိလိုက်ရပါသည်။

အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါ အေးပါဆိုပြီး ညနေပိုင်းကို ရအောင်ထွက်သေးတယ် နော် … အဖေအသက်ကြီးပြီ အဖေ ၈၈ တုန်းကလည်း အဖေ ဒုက္ခမျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီ … အခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး။

လူငယ်တွေ လုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့ … ခေါင်းမာလိုက်တာ အဖေရေ … အခုအချိန်မှာသား အဖေတို့နဲ့ အတူမရှိနိုင်တာကို ခွင့်လွှတ်ပါ အဖေ … သားလည်းအဖေ့ စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာ အဖေရယ် …သားသာ အဖေ့နေရာမှာဆိုရင် ဒီလိုသတ္တိ မျိုးမရှိနိုင်ပါဘူး။အဖေကျန်းမာအောင်နေပေးပါ အဖေ … အားလုံး အဆင်ပြေသွားတဲ့ တစ်နေ့ … ဒီပြဿနာကြီး ပြီးသွားတဲ့တစ်နေ့ …အဖေပြုံးနေတာလေး မြင်ချင်သေးတယ် အဖေ…ချစ်တဲ့ … လွမ်းတဲ့ …သား ” ဆိုပြီး တင်ထားတာကိုမင်းမော်ကွန်းက ”အဖေနားပါအဖေ … သားတို့တောင် လူရော စိတ်ရော ပင်ပန်းနေတာ…အဖေဆို ပိုပင်ပန်းမှာ မပြောပေမယ့် … သိနေလို့ပါအဖေရယ် …အဖေ့ကိုအရင်လိုထပ်ပြီးနည်း … ပေါင်းစုံနဲ့နှိပ်စက်တာ မခံစေချင်ပါဘူး … သားတာဝန်ထားပါအဖေ … အမေ့ကိုပဲစောင့်လျှောက်ပေးပါ … အိမ်မှာ အဖေနဲ့သား တစ်ယောက်ယောက်တော့ရှိနေမှဖြစ်မှာပါ ” ဆိုတဲ့ စာလေးရေးကာပြောကြားရင်ဖွင့်ထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *