တော်လှန်ရေးရဲ့နောက်တစ်ဆင့်လာတော့မယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ NUG ရဲ့ ကာကွယ်ဝန်ကြီး ပြော

 

စက်တင်ဘာ ၇ ရက်နေ့မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ခုခံစစ်စတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ကြေညာ ခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့ မှာတော့ တော်လှန်ရေးနောက်တဆင့် လာတော့မယ်လို့ ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ထပ်မံပြောဆို လာပါသည်။

ခုခံစစ်စပြီလို့ကြေညာအပြီးထဲက မန္တလေး၊ ရန်ကုန် အပါအဝင် မြို့ကြီးနဲ့ နယ်မြို့တွေ မှာပါ ပေါက်ကွဲမှုနဲ့ နေ့စဉ် လိုလိုရှိနေပြီး ပစ်ခတ်မှုတွေလည်း အရင်ထက်ပိုများ လာခဲ့တာဖြစ်ပါသည်။

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်အတွင်း ဒေသခံတစ်ဦးကလည်း” ဒီဒေးခေါ်ပြီးမှ စိတ်လာတာပဲ။ ၈၆ ပတ်ဝန်းကျင်ကတော့ ကြားနေရတာပဲ။ ၄၁လမ်း အပိုင်းထိပဲ။ တအုံးအုံး တဒိုင်းဒိုင်း နေ့တိုင်းပဲ။ ညတိုင်း နီးပါးပါပဲ။ ညတိုင်းလဲ ကျီးလန့်စာစားပဲ”လို့ မန္တလေးမြို့ အနောက်ပိုင်း ညပိုင်းအခြေနေတွေကို ဘီဘီစီကို ပြောကြားချက်အရသိရ
ပါသည်။

ယမန်နေ့က စက်တင်ဘာ ၁၉ ရက်နေ့တစ်ရက်တည်းမှာပဲ ရန်ကုန်၊ ပခုက္ကူနဲ့ သံတောင် ကြီးအပါအဝင်မြို့ အချို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ သတင်းပေးလို့ ပြောဆိုခံရသူ ၄ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသည်။

တော်လှန်ရေးအတွင်းမှာ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေအတွက်ကို ပြည်သူ့အစိုးရက တာဝန်ယူလိမ့်မယ်လို့လည်း ဦးရည်မွန်က ပြောဆိုထားပါသည်။

Zawgyicode:

တော်လှန်ရေးရဲ့နောက်တစ်ဆင့်လာတော့မယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ NUG ရဲ့ ကာကွယ်ဝန်ကြီး ပြော

စက်တင်ဘာ ၇ ရက်နေ့မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ခုခံစစ်စတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ကြေညာ ခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့ မှာတော့ တော်လှန်ရေးနောက်တဆင့် လာတော့မယ်လို့ ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ထပ်မံပြောဆို လာပါသည်။

ခုခံစစ်စပြီလို့ကြေညာအပြီးထဲက မန္တလေး၊ ရန်ကုန် အပါအဝင် မြို့ကြီးနဲ့ နယ်မြို့တွေ မှာပါ ပေါက်ကွဲမှုနဲ့ နေ့စဉ် လိုလိုရှိနေပြီး ပစ်ခတ်မှုတွေလည်း အရင်ထက်ပိုများ လာခဲ့တာဖြစ်ပါသည်။

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်အတွင်း ဒေသခံတစ်ဦးကလည်း” ဒီဒေးခေါ်ပြီးမှ စိတ်လာတာပဲ။ ၈၆ ပတ်ဝန်းကျင်ကတော့ ကြားနေရတာပဲ။ ၄၁လမ်း အပိုင်းထိပဲ။ တအုံးအုံး တဒိုင်းဒိုင်း နေ့တိုင်းပဲ။ ညတိုင်း နီးပါးပါပဲ။ ညတိုင်းလဲ ကျီးလန့်စာစားပဲ”လို့ မန္တလေးမြို့ အနောက်ပိုင်း ညပိုင်းအခြေနေတွေကို ဘီဘီစီကို ပြောကြားချက်အရသိရပါသည်။

ယမန်နေ့က စက်တင်ဘာ ၁၉ ရက်နေ့တစ်ရက်တည်းမှာပဲ ရန်ကုန်၊ ပခုက္ကူနဲ့ သံတောင် ကြီးအပါအဝင်မြို့ အချို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ သတင်းပေးလို့ ပြောဆိုခံရသူ ၄ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသည်။

တော်လှန်ရေးအတွင်းမှာ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေအတွက်ကို ပြည်သူ့အစိုးရက တာဝန်ယူလိမ့်မယ်လို့လည်း ဦးရည်မွန်က ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *