အိန္ဒြာကျော်ဇင် ဂျာမနီရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ထူးချွန်ဆုရရှိ

Unicode:

ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ “What happened to the wolf?” မြန်မာရုပ်ရှင် ဇာတ်ကားပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားနဲ့ပဲ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ “Seymour Cassel Award for Best Performance” ဆု ရရှိတယ်လို့ ဒီနေ့ စက်တင်ဘာ (၂၀)ရက်္မှာ ထုတ်ပြန်ပါသည်။

အဲဒီဇာတ်ကားကို ဒါရိုက်တာဏကြီး ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ဒါအပြင် မိတ်ကပ်မေဦးအဖွဲ့ကလည်း ရုပ်ရှင်ကားအတွက် မိတ်ကပ်ဖန်တီးပေးထားတာဖြစ်ပါသည်။

အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရိုးရင်းလှပမှု၊ ပင်ကိုယ်စိတ်ထားနဲ့ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ “What happened to the wolf?” ပေ့ချ်ကနေ တရားဝင်ထုတ်ပြန်ထားပါသည်။

လက်ရှိမှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရ တာဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ – ကနဲ့ တရားစွဲဆိုခံနေရတာဖြစ်ပါသည်။

ဒီရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့မိတ်ကပ် ဖန်တီးသူတွေကို စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ထားတာဖြစ်သလို မိတ်ကပ်ဖန်တီးရှင်ဖြစ်တဲ့ မေဦးဟာလည်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *