တော်လှန်​ရေးအတွင်း ကျဆုံးခဲ့ရတဲ့ ရဲ​ဘော်အ​ပေါင်းဟာ “ပြည်သူ့သူရဲ​ကောင်းဘွဲ့” နဲ့ ထိုက်တန်တယ်

မြွေပွေး ခါးပိုက်ပိုက်ထားခဲ့ရတဲ့ နိုင်ငံ။လူ့ယဥ်ကျေးမှုနဲ့ လားလားမှ မအပ်စပ်တဲ့ စစ်တပ်။နိုင်ငံ့အတွက် တကယ့် ဓမ္မန္တရာယ်၊ တကယ့် ဝန်ထုပ်ဝန်ပိုး၊ အမှိုက် အဖျက်အမှောင့် အဆိပ်အတောက် အုပ်စုပဲ။

ပြည်သူ့ကျွေးတဲ့ ထမင်းစားပြီး ပြည်သူ့လက်ကို ပြန်ကိုက်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို Mytel တာဝါတစ်တိုင်လောက်မှ တန်ဖိုးထားရကောင်းမှန်းမသိ၊ခွေးထက်မိုက်တဲ့ စစ်အုပ်စုကို ဒီတစ်ချီတော့ အပြီးသတ် ဇာတ်သိမ်းပစ်ဖို့ဟာ ပြည်သူ့အာလုံးအတွက် သမိုင်းပေးတာဝန် ဖြစ်လာတယ်။

ခုတော့ တစ်ပြည်လုံး တင်းကြပြီ။ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်ကြရုံ ရှိသေး ဗိုလ်မအလတစ်ယောက်တောင်ပြေးမြောက်ပြေး ဖြစ်နေတယ် စိတ်ဂယောက်ဂယက် ဖြစ်နေတယ်။ စစ်အုပ်စု ဘယ်လောက် ခြေပျက်နေပြီလဲ မြင်သာတယ်။

PDF​တွေ မဟာမိတ်တွေကိုချေမှုန်းနိုင်ဖို့ဝေလားဝေး ၊ရှိစုမဲ့စုအင်အားလေး ဟိုနားတစ်စု ဒီနားတစ်စု ဖြန့်ခွဲနေရတော့ ဘယ်မှာမှ အားမစုနိုင်၊ဘယ်မှာမှ အားပါပါ မတိုက်နိုင်။

လက်ရုံးတပ်တွေလည်း အနားမနေရ၊စစ်သားမိန်းမတွေတောင် ချမ်းသာမပေး၊ပျူစောထီးမွေးပြီး ပြည်သူချင်းရန်တိုက်ပေးဖို့ အစီအစဥ်ကလည်း ထိရောက်။

PDFမနိုင်တော့ ရွာတွေဝင် မီးရှို့၊ လက်နက်ကြီးနဲ့ ပစ်၊ အပြစ်မဲ့ ပြည်သူ့အသက်ကို သတ်၊ ပြည်သူ့ဥစ္စာကို လုယက်၊၊အကြမ်းဖက် ရက်စက်ပြရုံက လွဲလို့ ဘာမှမတတ်နိုင်တော့။

ပြည်သူကြောက်ပြီး လက်မြှောက်သွားမလားပေါ့၊ ပြည်သူကလည်းကြောက်စိတ်ကုန်ခဲ့ပြီ။သန်းခေါင်ထက် ညဥ့်မနက်၊စစ်ကောင်စီအတွက်ပြေးပေါက်မရှိ။

လက်တွေ့မြေပြင်မှာ PDF​တွေ စိုးမိုးထားတဲ့ကျေးရွာ ရာပေါင်းများစွာ ရှိနေပြီ။မြို့ပြနဲ့ လမ်းမတန်းတွေ လက်မလွှတ်ရအောင် အနိုင်နိုင် ထိန်းနေရတဲ့ စစ်အုပ်စု။စစ်အုပ်စုအတွက်ဖြေဆေး မရှိတော့။မကြာခင်တော်လှန်ရေးရဲ့နောက်အဆင့်တွေ လာဦးမယ်။ပြည့်သူ့ရန်သူ စစ်အုပ်စုကို ပြည်သူက အသက်ရှုချိန်မရအောင် တိုက်လိမ့်မယ်။

ပြည်သူ့တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အပေါင်းဟာပြည်သူ့သူရဲကောင်းဘွဲ့နဲ့ ထိုက်တန်တယ်။တိုက်ပွဲဝင် စစ်သည်အားလုံးကို ဂုဏ်ပြုဦးညွှတ်ပါတယ်။တော်လှန်ရေးအတွင်း အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူများအတွက်လည်း ပြည်သူ့အစိုးရက တာဝန်ယူပါလိမ့်မယ်။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *