ကမ္ဘာကျော်ဘောက်ဆင်သမား ပက်ကီယို သမ္မတနေရာတွင် ရွေးကောက်ခံမည်

ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်၊ ဘောက်ဆင်လောကမှာလည်း ဂန္ထဝင်တစ်ဦးအဖြစ် နာမည်ကျော်ကြားနေတဲ့ ပက်ကီယိုဟာ လာမယ့် ၂၀၂၂ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ပါတီ PDP-Laban ကို ကိုယ်စားပြုကာ ဝင်ရောက်ရွေးချယ်ခံမှာလည်းဖြစ်တယ်လို့ ဖိလစ်ပိုင်သတင်းဌာန Rappler က ဖော်ပြခဲ့ပါတယ်။

“ခေါင်းဆောင်မှုစိန်ခေါ်မှုအပိုင်းအတွက် ကျွန်တော်တို့အသင့်ဖြစ်နေပါပြီ” လို့ ဒီနေ့မှာပဲ ပက်ကီယိုက ပြောဆိုခဲ့ပါတယ်။ ပက်ကီယိုဦးဆောင်တဲ့ အဖွဲ့ဟာ ဒီနေ့မှာ အစည်းအဝေးကျင်းပခဲ့ပြီး ပါတီဝင်တွေက သူ့ကို သမ္မတလောင်းအဖြစ် နာမည်စာရင်းတင်သွင်းခဲ့ကြပါတယ်။ ဒီတင်သွင်းမှုအပေါ်မှာ ပက်ကီယိုက လက်ခံမှုပြုလုပ်ခဲ့ပြီး နိုင်ငံရဲ့အမြင့်ဆုံးရာထူးအတွက် သူ့ရဲ့ခြေလှမ်းပြင်ဆင်နေမှုတွေဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာကိုပါ အတိအလင်းဖွင့်ဟခဲ့တာပါ။

ဘောက်ဆင်လောကမှာ ဖိလစ်ပိုင်ဂုဏ်ကိုဆောင်ခဲ့တဲ့ ပက်ကီယိုဟာ အားပေးသူပရိသတ်အများအပြားရရှိထားသူဖြစ်ပြီး ဖိလစ်ပိုင်ရဲ့ နာမည်အကျော်ကြားဆုံး အားကစားသမားလည်းဖြစ်ပါတယ်။ ဘောက်ဆင်အကျော်အမော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန်ကိုင်တွယ်သွားမယ်လို့လည်း ပြောကြားခဲ့ပြီး အခုလိုတရားဝင်မကြေညာခင်ကတည်းက ဝင်ရောက်ရွေးချယ်ဖို့အတွက် လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သူ့အတွက် ရွေးချယ်စရာ ၃ ခုရှိတယ်လို့ ပက်ကီယိုက ပြောဆိုခဲ့ဖူးပြီး သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့၊ ဆီနိတ်တာတစ်ဦးအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ နဲ့ နိုင်ငံရေးလောကက အနားယူဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ အခြားသောသမ္မတလောင်းတွေနဲ့တွေ့ဆုံသွားဖို့လည်း ရှိတယ်လို့ ဝန်ခံခဲ့ပြီး မနီလာမြို့တော်ဝန် Isko Moreno နဲ့ တွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလ်ို့ သိရပါတယ်။

သမ္မတနေရာရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့မှုမှာ ပက်ကီယိုထက်အရင်တစ်ဦးရှိနေခဲ့ပြီး သူကတော့ အထက်လွှတ်တော်အမတ် Panfilo Lacson ဖြစ်ပြီး မဲဆွယ်စည်ရုံးမှုတွေကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ နောက်ထပ်ဖြစ်လာနိုင်တဲ့ ပြိုင်ဘက်တွေကတော့ ဆီနိတ်တာ Bong Go ဖြစ်ပြီး လက်ရှိသမ္မတဒူတာတေးကတော့ ဒုတိယသမ္မတနေရာအတွက်သာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ Bong Go ကတော့ သူ ဝင်မယှဉ်ပြိုင်ချင်ဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Zawgyi/

The River News

Leave a Reply

Your email address will not be published.