စိတ်မကောင်းစွာရေးသားထားတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဖခင်

သို့/ ချစ်ရပါသော သားငယ်၊ သားဖေကြီးတို့ အိမ်‌ လေး ဆီကို ပြန်လာခွင့်မရခဲ့တာ၂၇..၂၀၂၁ နေ့ကတည်းကသားမေကြီးကလည်းထမင်းလေးခူးပြီး ထမင်းဝိုင်းမှာ သားငယ် ကြိုက်တတ်တဲ့ဟင်း လေးတွေနဲ့ ခွန့်ကျွေးဖို့စောင့်နေလေရဲ့ သား.ကိုကိုကြီး ကလည်း သူ့ညီလေး သွားချင်တဲ့နေရာလေးတွေ ပြောချင်တဲ့စကား‌ လေးတွေ နားထောင်ပေးဖို့ စောင့်ကြိုနေတယ်သား

သားညီမငယ်လေးက သူ့ကိုလေး ဝယ်ပေးနေကြ မုန့်လေးတွေ အရုပ်ကလေးတွေ မျှော်နေရှာတယ်
သားညီမငယ်လေးက သူ့ကိုလေးကျောင်းပို့နေကြမှို့သူ့စာကြည့်စားပွဲလေးမှာ မျှော်နေရှာတယ်သူ့ကိုလေး မျက်စေ့ကွယ်သွားတာလက်ဖြတ်လိုက်ရတာခြေထောက်တွေ လမ်းမလျှောက်နိုင်တော့တာခုထိ မသိရှာဘူး

သားမွေးထားတဲ့ခွေးလေး ဖွေး‌ ဖွေး ကလည်း အစား ကောင်းကောင်းမစားတော့ဘူး တိ/ကု ဆရာဝန် နဲ့ပြနေရပြီ

,အထူးသဖြင့် မေ‌ကြီးက ဆီချို ရောဂါကြီးနှင့် သမားတော်ကြီးဆေးတွေ သားငယ် ပြန်လာမှ သောက်မယ်တဲ့

ဖေကြီးအတွက်တော့မပူနဲ့ကွဲပြဲသွားတဲ့နှလုံးသားလည်း အနာမကျက်ချင်ဘူးသားငယ် အပြန်လမ်းကို  ထမရည်(ထမင်းရည်) သောက်ပြီးလမ်းရှင်းပေးဖို့ဓားသွေးစောင့်နေတယ်

သားငယ် ရဲ့ဖေကြီး

Zawgyi

သို့/ ချစ်ရပါသော သားငယ်၊ သားဖေကြီးတို့ အိမ်‌ လေး ဆီကို ပြန်လာခွင့်မရခဲ့တာ၂၇..၂၀၂၁ နေ့ကတည်းကသားမေကြီးကလည်းထမင်းလေးခူးပြီး ထမင်းဝိုင်းမှာ သားငယ် ကြိုက်တတ်တဲ့ဟင်း လေးတွေနဲ့ ခွန့်ကျွေးဖို့စောင့်နေလေရဲ့ သား.ကိုကိုကြီး ကလည်း သူ့ညီလေး သွားချင်တဲ့နေရာလေးတွေ ပြောချင်တဲ့စကား‌ လေးတွေ နားထောင်ပေးဖို့ စောင့်ကြိုနေတယ်သား

သားညီမငယ်လေးက သူ့ကိုလေး ဝယ်ပေးနေကြ မုန့်လေးတွေ အရုပ်ကလေးတွေ မျှော်နေရှာတယ်

သားညီမငယ်လေးက သူ့ကိုလေးကျောင်းပို့နေကြမှို့သူ့စာကြည့်စားပွဲလေးမှာ မျှော်နေရှာတယ်

သူ့ကိုလေး မျက်စေ့ကွယ်သွားတာလက်ဖြတ်လိုက်ရတာခြေထောက်တွေ လမ်းမလျှောက်နိုင်တော့တာခုထိ မသိရှာဘူး

သားမွေးထားတဲ့ခွေးလေး ဖွေး‌ ဖွေး ကလည်း အစား ကောင်းကောင်းမစားတော့ဘူး တိ/ကု ဆရာဝန် နဲ့ပြနေရပြီ

,အထူးသဖြင့် မေ‌ကြီးက ဆီချို ရောဂါကြီးနှင့် သမားတော်ကြီးဆေးတွေ သားငယ် ပြန်လာမှ သောက်မယ်တဲ့

ဖေကြီးအတွက်တော့မပူနဲ့ကွဲပြဲသွားတဲ့နှလုံးသားလည်း အနာမကျက်ချင်ဘူးသားငယ် အပြန်လမ်းကို  ထမရည်(ထမင်းရည်) သောက်ပြီး

လမ်းရှင်းပေးဖို့ဓားသွေးစောင့်နေတယ်

သားငယ် ရဲ့ဖေကြီး

Leave a Reply

Your email address will not be published. Required fields are marked *