လာမည့်(၂၂)ရက်နေ့တွင် NUG အစိုးရက ကုလတွင် အစီရင်ခံစာများတရားဝင်တင်ပြခွင့်ရတော့မည်

စစ်ကောင်စီကျူးလွန်နေသည့် အကြမ်းဖက်မှုများကို NUG က UN ၌ ယခုလ ၂၂ ရက်တွင် တင်ပြခွင့်ရရှိ

လာမည့် ဗုဒ္ဓဟူးနေ့ ၊ စက်တင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ၌ စစ်ကောင်စီ ကျူးလွန်နေသည့် လူ့အခွင့်ချိုးဖောက်မှုများကို NUG က အွန်လိုင်းမှတဆင့် ကိုယ်တိုင်တင်ပြခွင့်ရမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းနှင့် မ​ကွေးတိုင်းတို့တွင် ဇူလိုင်လ​ကစပြီး စစ်တပ်ကကျူးလွန်​နေသည့်အ​ကြောင်းအစီရင်ခံစာကို လက်ရှိ ကျင်းပ​နေဆဲ ကုလလူ့အခွင့်အ​ရေး​ကောင်စီသို့ NUG က ယနေ့တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထို အအစီရင်ခံစာပါအကြောင်း အရာများကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ​ရေး စုံစမ်းစစ်​ဆေး​ရေးအရာရှိ တင်ပြမည့် အစီအစဥ်မတိုင်မီ တင်ပြခွင့် ရရှိမည် ဖြစ်သည်။

” အ​ကောင်းဆုံးလုပ်​ဆောင်နိုင်ဖို့ ကြိုးစားလျက်ပါ” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ထို့ပြင် စစ်ကောင်စီအား လက်နက်‌ရောင်းချခြင်းနှင့် စစ်ရေး အကူအညီပေးခြင်း ရပ်တန့်ရန်၊ တရားမျှတမှုအတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် တောင်းဆိုထားသည်။

Zawgyi/ စစ်ကောင်စီကျူးလွန်နေသည့် အကြမ်းဖက်မှုများကို NUG က UN ၌ ယခုလ ၂၂ ရက်တွင် တင်ပြခွင့်ရရှိ

လာမည့် ဗုဒ္ဓဟူးနေ့ ၊ စက်တင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ၌ စစ်ကောင်စီ ကျူးလွန်နေသည့် လူ့အခွင့်ချိုးဖောက်မှုများကို NUG က အွန်လိုင်းမှတဆင့် ကိုယ်တိုင်တင်ပြခွင့်ရမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းနှင့် မ​ကွေးတိုင်းတို့တွင် ဇူလိုင်လ​ကစပြီး စစ်တပ်ကကျူးလွန်​နေသည့် အရပ်သား​များအား အကြမ်းဖက်မှုအ​ကြောင်းအစီရင်ခံစာကို လက်ရှိ ကျင်းပ​နေဆဲ ကုလလူ့အခွင့်အ​ရေး​ကောင်စီသို့ NUG က ယနေ့တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထို အအစီရင်ခံစာပါအကြောင်း အရာများကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အ​ရေး စုံစမ်းစစ်​ဆေး​ရေးအရာရှိ တင်ပြမည့် အစီအစဥ်မတိုင်မီ တင်ပြခွင့် ရရှိမည် ဖြစ်သည်။

” အ​ကောင်းဆုံးလုပ်​ဆောင်နိုင်ဖို့ ကြိုးစားလျက်ပါ” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ကုလ လူ့အခွင့်အရေး ကောင်စီသို့ ပေးပို့ခဲ့သည့် အစီရင်ခံစာ၌ အဆိုပါ တိုင်းနှစ်ခုတွင် စစ်ကောင်စီတပ်များ၏ အရပ်သားများအပါ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီအား လက်နက်‌ရောင်းချခြင်းနှင့် စစ်ရေး အကူအညီပေးခြင်း ရပ်တန့်ရန်၊ တရားမျှတမှုအတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် တောင်းဆိုထားသည်။
Ref: BAP

Leave a Reply

Your email address will not be published. Required fields are marked *