တိုင်းပြည်တိုးတတ်ဖို့အတွက်နေ့ရောညပါ အစွမ်းကုန်ကြိုးစားနေကြောင်း စကစခေါင်းဆောင်မင်းအောင်လှိုင်ဆို

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြရတဲ့အတွက် မိမိတို့အစိုးရအနေနဲ့လည်း တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးလုပ်ဆောင်ပေးနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။

မနေ့က စက်တင်ဘာ(၁၈)ရက်နေ့လည်ပိုင်းမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမမှာ ပြည်နယ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မိမိတို့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အချက် (၂) ချက်ကို အဓိကထားပြီး အလေးထားဆောင်ရွက်နေပါတယ် ပထမအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် အနေနဲ့ ထားရှိလုပ်ဆောင်နေပါတယ်၊ ဒုတိယအချက်အနေနဲ့ ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်ကို တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် မိမိတို့အစိုးရအနေဖြင့်လည်း သာယာဝပြောရေးနဲ့ စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးလုပ်ဆောင်ရွက်နေတယ်”လို့စစ်ခေါင်းဆောင် ကပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး(၇)လကျော်ကာအတွင်း နိုင်ငံရေး၊ စီးပွားရေး စတဲ့အခြေအနေတွေ အဆိုးဆုံးရင်ဆိုင်နေရပေမယ့် စစ်ကောင်စီက သာယာဝပြောရေးနဲ့ စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး အခြေခံပညာရေးကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်ပြီး “ပညာတတ်လူသားအရင်းအမြစ်တွေထွက်ပေါ်လာအောင် အနာဂတ်အတွက် ကြိုတင်မျှော်တွေးပြီး လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်းစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သင်ကြားစေခဲ့ ကြောင်း၊ဒါပေမယ့် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့လို့ ကျောင်းတွေယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်တဲ့ အချိန်မှာ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေပြီး၊ စီးပွားရေးဆိုင်ရာအတတ်ပညာရှင်တွေပါ်ထွက်ရန်ရေးနဲ့ ဒီမိုကရေစီခေတ်မှာ ဥပဒေကို သိရှိရန်လိုအပ်တဲ့အတွက် တက္ကသိုလ်တွေမှာ စီးပွားရေးပညာနဲ့ ဥပဒေပညာတွေ ကို သင်ကြားပေးရန် ညွှန်ကြားထားရှိတယ်” လို့ပြောဆိုခဲ့ပါသေးတယ်။

Zawgyi

ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြရတဲ့အတွက် မိမိတို့အစိုးရအနေနဲ့လည်း တိုင်းပြည်သာယာ ဝပြောရေးနဲ့ စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးလုပ်ဆောင်ပေးနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။

မနေ့က စက်တင်ဘာ(၁၈)ရက်နေ့လည်ပိုင်းမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမမှာ ပြည်နယ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မိမိတို့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အချက် (၂) ချက်ကို အဓိကထားပြီး အလေးထားဆောင်ရွက်နေပါတယ် ပထမအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် အနေနဲ့ ထားရှိလုပ်ဆောင်နေပါတယ်၊ ဒုတိယအချက်အနေနဲ့ ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်ကို တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် မိမိတို့အစိုးရအနေဖြင့်လည်း သာယာဝပြောရေးနဲ့ စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးလုပ်ဆောင်ရွက်နေတယ်”လို့စစ်ခေါင်းဆောင် ကပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး(၇)လကျော်ကာအတွင်း နိုင်ငံရေး၊ စီးပွားရေး စတဲ့အခြေအနေတွေ အဆိုးဆုံးရင်ဆိုင်နေရပေမယ့် စစ်ကောင်စီက သာယာဝပြောရေးနဲ့ စားနပ်ရိက္ခာပေါများရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး အခြေခံပညာရေးကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့တာနဲ့ပတ်သက်ပြီး “ပညာတတ်လူသားအရင်းအမြစ်တွေထွက်ပေါ်လာအောင် အနာဂတ်အတွက် ကြိုတင်မျှော်တွေးပြီး လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်းစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်သင်ကြားစေခဲ့ ကြောင်း၊ဒါပေမယ့် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့လို့ ကျောင်းတွေယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်တဲ့ အချိန်မှာ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေပြီး၊ စီးပွားရေးဆိုင်ရာအတတ်ပညာရှင်တွေပ်ါထွက်ရန်ရေးနဲ့ ဒီမိုကရေစီခေတ်မှာ ဥပဒေကို သိရှိရန်လိုအပ်တဲ့အတွက် တက္ကသိုလ်တွေမှာ စီးပွားရေးပညာနဲ့ ဥပဒေပညာတွေ ကို သင်ကြားပေးရန် ညွှန်ကြားထားရှိတယ်” လို့ပြောဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *