သောင်းကျန်းသူ စစ်ကောင်စီ ပစ်ခတ်လို့ ထန်တလန်ရှိ နေအိမ် ၁၀ လုံးကျော် မီး လောင်၊ မီးငြိမ်းရန်သွားသည့် TCBC မှ သင်းအုပ်ဆရာကို စစ်ကောင်စီက ပစ ်

Unicode:

သောင်းကျန်းသူ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လို့ ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးငြိမ်းရန် သွားသည့် TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် Pastor Cung Biak Hmun ကို စစ်ကောင်စီတပ်သားများမှ ပစ်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြထားပါသည်။

ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်မှ ယနေ့ စက်တင်ဘာလ ၁၈ ရက် ၃ နာရီခွဲခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်လို့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် နေအိမ် ၁၀ လုံးကျော် မီးကူးစက်လောင်ကျွမ်းထားပါသည်။

စက်တင်ဘာလ ၉ ရက် နေ့လယ်ပိုင်းတွင် ထန်တလန်မြို့ပေါ်၌ အကြမ်းဖက်စစ်ကောင်စီနှင့် ထန်တလန် CDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁ ဦး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *