ယနေ့ မုံရွာအချဉ်ပေါင်းသည်မတင်တင်အေး ထပ်မံဖမ်းဆီးခံရ

မုံရွာမြို့မှာ အချဉ်ပေါင်းသည်အန်တီကြီး ဒုတိယအကြိမ်ဖမ်းဆီးခံရ၊အကြမ်းဖက်စစ်သူပုန်အုပ်စုမှ အရပ်ဝတ်တွေနဲ့ ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာ အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေး ဒုတိယအကြိမ်ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

စက်တင်ဘာ၁၈ရက်နေ့ ညနေ၅နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်မှ မတင်တင်အေး၏ညီမဖြစ်သူ အသီးဆိုင်ရှေ့မှာ အရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အချဉ်ပေါင်းသည်အန်တီကြီး၏နီးစပ်သူမိသားစုဝင်များကRNAကိုပြောပါတယ်။

အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေးဟာ အာဏာသိမ်းစစ်တပ်မှ သပိတ်စစ်ကြောင်းကိုစတင်ဖြိုခွဲရာ ဖေဖော်ဝါရီ၂၇ရက်နေ့ပြသာဒ်ကျောင်းအနီးမှာ ပထမအကြိမ်ဖမ်းဆီးခံရသူတစ်ဦးလဲဖြစ်ပါတယ်။

ဒါ့အပြင်ဒီကနေ့စက်တင်ဘာ၁၈ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့ ဒေါင်းကျောင်းရှေ့ ပန်းရောင်းသည့်စျေးသည်လင်မယားနှစ်ဦးနှင့်အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေးတို့နှစ်ဦးကို အရပ်ဝတ်တွေနဲ့အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။

Zawgyi/

Regional News Agency

Leave a Reply

Your email address will not be published. Required fields are marked *