သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီ မှ ပုဒ်မ (၅၀၅-က)ဖြင့် ဧပရယ် လ အတွင်းက ဖမ်းဆီး ထားခဲ့ပြီး ထိုသို့ ဖမ်းဆီးချိန်တွင် စိတ်ကြွဆေးပြားတွေ့ရှိသည်ဟု ဆိုကာ မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်စစ်ဆေးဖို့ရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေပညာရှင်တွေကပြောပါသည်။
သရုပ်ဆောင် ရဲတိုက်သည် တော်လှန်ရေး အစပိုင်းတွင် ရှေ့ဆုံး ဒိုင်းကာ အဖွဲ့မှာ အမြဲ လိုလို ဦးဆောင် ပါဝင်ခဲ့သူ တယောက်ဖြစ်ပြီး မီဒီယာ အင်တာဗျူးတခုတွင် စစ်ကောင်စီကို တိုက်ခိုက်တဲ့ စကားတွေ ဖြေကြားခဲ့လို့ နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ဖမ်းခဲ့တာ လို့ ဆိုပါတယ်။
ရန်ကုန်မြို့သမိုင်းလမ်းဆုံမှာ သရုပ်ဆောင်ရဲတိုက်ကိုဖမ်းဆီးရမိခဲ့ပြီးသူနဲ့အတူ စိတ်ကြွဆေးပြား ၁၀ပြားကို အတူတွေ့ရှိရတယ်ဆိုပြီး မူးယစ်ပုဒ်မ ၁၆ (ဂ)နဲ့ထပ်မံတရားစွဲဆိုခဲ့တယ်လို့ အမှုကိုကူညီပေးနေတဲ့ဥပဒေပညာရှင်တွေက ပြောပါတယ်။
“ကိုရဲတိုက်ကျန်းမာရေးကောင်းမွန်ပါတယ်။ အခုတရားရုံးချိန်းတွေလိုက်နေရင်းကြားသိခဲ့ရတဲ့အခြေအနေတွေအရ နစကကနေ အနုပညာရှင်တွေအပါအဝင် စွဲဆိုထားတဲ့အမှုတွေကိုပြန်လည်စိစစ်နေတယ်။ စိစစ်ပြီးရင် အဆင့်အလိုက် အမှုရုပ်သိမ်းပြီး ဖြေလျှော့မှုလုပ်သွားမယ်လို့သတင်းကောင်းကြားရပါတယ်။ ရက်သိပ်မကြာခင်ဖြစ်နိုင်မယ်ဆိုတဲ့သတင်းကြားထားရပါတယ်။ အဲ့ဒီလိုရုပ်သိမ်းမှုမလုပ်ခင်တော့ အထူးတရားရုံးတွေမှာစွဲဆိုထားတဲ့အမှုတွေကိုပုံမှန် စစ်ဆေးနေမယ်။
အမှုအသွားအလာကိုတော့ ကြိုတင်မှတ်ချက်ပေးလို့မရသေးပါဘူး”လို့ ကိုရဲတိုက်အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောခဲ့ခြင်း ဖြစ်သည်။
Zawgyi/