တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ယောဒေသဘက်ကို စစ်ကူသွားတဲ့ CDF တပ်ဖွဲ့များ အောင်မြင်စွာပြန်လာနိုင်
မကွေးတိုင်းဒေသကြီး၊ ယောဒေသဘက်ကို စစ်ကူသွားခဲ့သည့် မင်းတပ် CDF ရဲဘော်များအားလုံး ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်ရောက်ရှိလာခဲ့ပြီဟု ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ဒေသခံများထံမှ သိရသည်။
ယခုလ ဒုတိယအပတ်တွင်းက တိုက်ပွဲများပြင်းထန်ခဲ့သော ယောဒေသဘက်ကို မင်းတပ် CDF များက စစ်ကူသွားခဲ့ခြင်းဖြစ်ပြီး CDF တပ်ဖွဲ့ဝင်များ ပြန်လာသည့် ဗီဒီယိုဖိုင်တစ်ခုအားယနေ့စက်တင်ဘာလ ၁၈ ရက်၌ CDF တပ်ဖွဲ့ဝင်တစ်ဦးက လူမှုစာမျက်နှာ၌ ဖော်ပြထားခဲ့သည်။
အဆိုပါ ယောဒေသတိုက်ပွဲများ၌ မင်းတပ် CDF များက ယော YDF ၊ ဆော PDF များနှင့် ပူးပေါင်း၍အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ထုတ်ခဲ့သည်။
Zawgyi /