ဒီမယ်ဗျာ့ ဘယ် PDF ကမှ ပြည်သူ့ပိုက်ဆံကို ဓားပြမတိုက်ပါဘူး ပြည်သူကိုလဲ ဒုက္ခမပေးပါဘူး…….
ဘာလို့လဲဆိုရင် PDF ဆိုတာပြည်သူစစ်စစ်တွေကပဲ မွေးဖွားပေးလိုက်လို့…ပြည်သူရင်ခွင်ကထွက်လာခဲ့လို့ပဲ…..မတရားမူတွေမတရားလုပ်နေတာ တွေကို မခံနိုင်လို့ ပြည်သူ့ကာကွယ်ရေး PDF ဆိုတာ ပေါ်ပေါက်လာရတာပါ ဒါကြောင့်မို့ အခုလို လုရက်ခိုးဆိုး သတ်ဖြတ် မတရား လုပ်နေတာတွေကို PDFတွေလုပ်တယ် ပြောထွက်တာ မလွန်ဘူးလားဗျာ အသဲထဲကနာကျင်ရပါတယ်ဗျာ..
ဘယ် PDF ကမှပြည်သူ့ဆီက အတင်းအဓမ္မမတောင်းဘူး။ ဘာလို့လဲဆိုရင် ပြည်သူတွေ ကိုယ်တိုင်က အလိုက်တသိ ထောက်ပံ့နေလို့ပဲ…….ကျနော်တို့ကိုယ်တိုင်ကမယူရက်မစားရက်လို့ ပြန်တားထားရတယ်ဗျ…..
ဘယ် PDF ကမှရွာတွေ၊ အိမ်တွေ၊ ဈေးတွေကို မီးမရှို့ဘူး ဘုန်းကြီးကျောင်း ဘုရားကျောင်း ဘလီတွေကို ဗုံးမခွဲသလို လက်နှက်ကြီးနဲ့လည်း ပစ်မချဘူး…..ဘယ်ဆေးရုံ ဘယ်စာသင်ကျောင်းထဲကိုမှလဲ ဝင်မနေဘူး တပ်မဆွဲဘူး…..ဘာလို့လဲဆိုရင် ပြည်သူတွေရဲ့ခက်ခဲ ပင်ပန်းမှု၊ မလုံခြုံမှုတွေကို ကျနော်တို့ PDFတွေ အသိဆုံးဖြစ်လို့ပဲ…PDF ဆိုတာ ပြည်သူ့အတွက်ပဲ အလုပ်လုပ်တယ်။ ဘာလို့လဲဆိုရင် ပြည်သူ့ကျွေးတဲ့ထမင်းကို စားနေရလို့ပဲ…….
PDF ဆိုတာ ပြည်သူအများကိုဒုက္ခပေးလို သူတိုင်းရန်က ကာကွယ်ပေးတယ်။ဘာလို့လဲဆိုရင် ကျနော်တို့PDFစစ်သည်တော်တွေက ပြည်သူကို ကာကွယ်ဖို့ တာဝန်အရှိဆုံးမို့ပါ…….အရေးတော်ပုံအောင်ရမည် ဟုပြောကြားထားပါသည်။
Zawgyicode:
ဒီမယ်ဗျာ့ ဘယ် PDF ကမှ ပြည်သူ့ပိုက်ဆံကို ဓားပြမတိုက်ပါဘူး ပြည်သူကိုလဲ ဒုက္ခမပေးပါဘူး…….
ဘာလို့လဲဆိုရင် PDF ဆိုတာပြည်သူစစ်စစ်တွေကပဲ မွေးဖွားပေးလိုက်လို့…ပြည်သူရင်ခွင်ကထွက်လာခဲ့လို့ပဲ…..မတရားမူတွေမတရားလုပ်နေတာ တွေကို မခံနိုင်လို့ ပြည်သူ့ကာကွယ်ရေး PDF ဆိုတာ ပေါ်ပေါက်လာရတာပါ ဒါကြောင့်မို့ အခုလို လုရက်ခိုးဆိုး သတ်ဖြတ် မတရား လုပ်နေတာတွေကို PDFတွေလုပ်တယ် ပြောထွက်တာ မလွန်ဘူးလားဗျာ အသဲထဲကနာကျင်ရပါတယ်ဗျာ…