တစ်ပတ်အတွင်းရဲနှင့်စစ် CDM ပါဝင်သူ ၁၀၀ခန့်ရှိလာပြီ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်သားနှင့်ရဲ့ ၁၀၀ ခန့် အလင်းဝင်ကာ CDM လုပ်ခဲ့ကြောင်း Chinland Defense Froce- CDF ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်သူ့စစ်သားများအဖွဲ့က ၎င်းတို့၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

“CDM ဝင်နိုင်ရန် အဓိကကူညီပေးနေတဲ့ CDF ရဲ့ အမြော်အမြင်ရှိမှုကို ကျေးဇူးတင်ရှိပါတယ်” ဟုလည်း ဆိုသည်။Defection Strategy ( ဘက်ပြောင်းခြင်း) ဟာ တော်လှန်ရေးအတွက်အရေးပါတဲ့ မဟာဗျူဟာ တစ်ခုဖြစ်ကြောင်း အခိုင်အမာယုံကြည်ပြီး ပြည်သူများ၏ နွေးထွေးစွာကြိုဆိုမှု ၊ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များရဲ့ အမြော်အမြင်ရှိမှုတို့ကြောင့် CDM အရေအတွက် တိုးပွါးနေဆဲဖြစ်ပါတယ် ဟုလည်း ပြည်သူ့စစ်သားများအဖွဲ့က ဆိုသည်။

ပြည်သူ့စစ်သားများအဖွဲ့သည် CDM စစ်သားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ၎င်းတို့၏ စာရင်းများအရ အာဏာသိမ်းသည့် အချိန်မှ ယနေ့အထိ ပြည်သူနှင့် လာရောက်ပူးပေါင်းသည့် စစ်သား ဦးရေမှ ၁၅၀၀ ကျော်ရှိနေပြီဖြစ်သည်။

ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ထုတ်လိုသည့် စစ်သားနှင့်ရဲများကို ခိုလှုံခွင့်နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ ကူညီပေးသွားမည်ဟု Chinland Defense Froce- CDF က အတိအလင်း အသိပေးထားသည်။

ထိုအထဲမှ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းသည့် စစ်သားနှင့်ရဲများကို ဆုငွေအဖြစ် ကျပ် သိန်း ၆၀ တိတိ ထောက်ပံ့ပေးသွားမည်ဟုလည်း CDF က ကြေညာထားသည်။

Zawgyi/

Burma Associated Press

Leave a Reply

Your email address will not be published. Required fields are marked *