NUG အသုံးစရိတ်များ အချိန်ကျရင် ချပြဖို့ အဆင်သင့်ရှိ

NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက အသုံးစရိတ်နဲ့ ပတ်သက်ပြီး စနစ်တကျ မှတ်တမ်းတွေ ရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီကနေ့ ရေးသား ဖေါ်ပြ လိုက်ပါတယ်။

အချိန်ကျရင် ချပြဖို့ အဆင်သင့် ထားရှိကြောင်း လည်း ဖေါ်ပြ ထားပြီး၊ တာဝန်ထမ်းဆောင် နေသူ အားလုံး ဟာ အရာရာကို အကုန်စွန့်လွှတ်ပြီး လုပ်ဆောင်နေကြ တာဖြစ် တယ်လို့ ရေးသား ထားပါတယ်။

NUG ဟာ CRPH ဖွဲ့ပြီးစ က မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာ က ထည့်ဝင်ငွေ ဒေါ်လာ ၉ သန်းကျော် စတင် ရရှိထားတာ ဖြစ်ပါ တယ်။

NUG အတွက် နိုင်ငံ တကာမှာ ရန်ပုံငွေ ပွဲတွေ အပတ်စဥ် ပြုလုပ်ပြီး စုစောင်း ရှာဖွေပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် raffle tickets က ဒေါ်လာ ၅ သန်းကျော် နဲ့ အောင်လံလွှင့်ချီ နွေဦးထီ ကနေလည်း ရန်ပုံငွေ တွေ ရရှိထားတာ ဖြစ်ပါတယ်။

အခုလို ရန်ပုံငွေတွေကို CDM ဝန်ထမ်းတွေ၊ မြန်မာပြည်တွင်းက ဒုက္ခရောက်နေသူတွေ နဲ့ တိုက်ပွဲရှောင် ပြည်သူတွေ အတွက် ကူညီပေးနေတာ ဖြစ်ပြီး၊ PDF အတွက် သီးခြားရရှိတဲ့ ရန်ပုံငွေ ထဲ ကနေလည်း ဒေသအလိုက် PDF တွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။

Zawgyi/

NUG အသုံးစရိတ် အချိန်ကျရင် ချပြဖို့ အဆင်သင့်ရှိ

စက်တင်ဘာ ၁၅

THN freelance journalist

Leave a Reply

Your email address will not be published. Required fields are marked *