ယနေ့ကျင်းပမည့်ကုလညီလာခံတွင်ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို လက်ခံဖို့ တောင်းဆိုမှုမြင့်တက်

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားဖို့ မြန်မာနဲ့ နိုင်ငံတကာ လူမှုလူ့အဖွဲ့အစည်း ၃၅၈ ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံ ကို တနင်္လာနေ့က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

အထွေထွေညီလာခံကို စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့မှာ စတင်မှာ ဖြစ်ပြီး လက်ရှိကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတင်သွင်းတဲ့ အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ဘယ်သူ့ကို မြန်မာကိုယ်စားလှယ်အဖြစ် လက်ခံမယ်ဆိုတာ ရွေးချယ်ရေးအတွက် တာဝန်ယူရမယ့် အဖွဲ့ကိုဖွဲ့စည်းဖို့ ရှိပါတယ်။ ဒီအဖွဲ့မှာ တရုတ်၊ ရှုရှားနဲ့ အမေရိကန် အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်မှာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေ အတွက်ရော စစ်တပ်အာဏာသိမ်းယူတာ ခံခဲ့ရတဲ့ အရပ်သားအစိုးရ အတွက်ပါ ကိုယ်စားပြုသူ တဦးဖြစ်တဲ့ အတွက် သူ့ကိုပဲ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် အသိမှတ်ပြုဖို့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုကြပါတယ်။

စစ်ကောင်စီက တင်သွင်းသူကို ရွေးခဲ့မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုသူထက် မြန်မာပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်တဲ့ စစ်ကောင်စီကိုယ်စားလှယ်ကို ခန့်ထားမိနိ်ုင်တဲ့ အနေထားရောက်သွားနိုင်တာကြောင့် ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ လူသားတန်ဖိုးကို လေးစားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံမဆို စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ငြင်းဆိုဖို့ အထွေထွေညီလာခံကို စာရေးသားပေးပို့တဲ့ အဖွဲ့တွေထဲက Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ကလည်း ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေး၊ တရားမျှတရေးနဲ့ လူမှုတိုးတက်ရေးတွေနဲ့ မကိုက်ညီတဲ့မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်း ပြန်လျှောက်လှမ်းနိုင်ခွင့် ဆုံးရှုံးနိုင်ရုံတင်မကဘဲ ကမ္ဘာတလွှား ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေပါ အချည်းအနှီး ဖြစ်လာနိုင်ခြေရှိတယ်လို့ ထောက်ပြထားပါတယ်။

(Unicode)ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားဖို့ မြန်မာနဲ့ နိုင်ငံတကာ လူမှုလူ့အဖွဲ့အစည်း ၃၅၈ ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံ ကို တနင်္လာနေ့က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။

အထွေထွေညီလာခံကို စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့မှာ စတင်မှာ ဖြစ်ပြီး လက်ရှိကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတင်သွင်းတဲ့ အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ဘယ်သူ့ကို မြန်မာကိုယ်စားလှယ်အဖြစ် လက်ခံမယ်ဆိုတာ ရွေးချယ်ရေးအတွက် တာဝန်ယူရမယ့် အဖွဲ့ကိုဖွဲ့စည်းဖို့ ရှိပါတယ်။ ဒီအဖွဲ့မှာ တရုတ်၊ ရုှရှားနဲ့ အမေရိကန် အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်မှာဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေ အတွက်ရော စစ်တပ်အာဏာသိမ်းယူတာ ခံခဲ့ရတဲ့ အရပ်သားအစိုးရ အတွက်ပါ ကိုယ်စားပြုသူ တဦးဖြစ်တဲ့ အတွက် သူ့ကိုပဲ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် အသိမှတ်ပြုဖို့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုကြပါတယ်။

စစ်ကောင်စီက တင်သွင်းသူကို ရွေးခဲ့မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုသူထက် မြန်မာပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်တဲ့ စစ်ကောင်စီကိုယ်စားလှယ်ကို ခန့်ထားမိနိုင်တဲ့ အနေထားရောက်သွားနိုင်တာကြောင့် ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ လူသားတန်ဖိုးကို လေးစားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံမဆို စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ငြင်းဆိုဖို့ အထွေထွေညီလာခံကို စာရေးသားပေးပို့တဲ့ အဖွဲ့တွေထဲက Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ကလည်း ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေး၊ တရားမျှတရေးနဲ့ လူမှုတိုးတက်ရေးတွေနဲ့ မကိုက်ညီတဲ့မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်း ပြန်လျှောက်လှမ်းနိုင်ခွင့် ဆုံးရှုံးနိုင်ရုံတင်မကဘဲ ကမ္ဘာတလွှား ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေပါ အချည်းအနှီး ဖြစ်လာနိုင်ခြေရှိတယ်လို့ ထောက်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *