ယနေ့ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန် ၊ကြားနာစစ်ဆေးမှုတက်ရောက်

ပြည်သူတွေ ကျန်းမာအောင်နေဖို့ သတင်းစကားပါး၊  ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်လာပြီး ဒီကနေ့ စက်တင်ဘာ ၁၄ရက် ၊နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိမြို့နယ် က သီးသန့်အထူးတရားရုံး ကကြားနာစစ်ဆေးမှုကို တက်ရောက်တယ်လို့ရှေ့နေ့ အဖွဲ့ကဘီဘီစီကိုပြောပါတယ်။ အပတ်စဉ် တနင်္လာ နဲ့ အင်္ဂါ နှစ်ရက်မှာ ကြားနာစစ်ဆေးမှုရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအတွက် မနေ့က စက်တင်ဘာ (၁၃)ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။ 

ဒီနေ့ စက်တင်ဘာ ၁၄ရက် အင်္ဂါနေ့မှာတော့ ပုံမှန်စစ်ဆေးနေကြ (၂)မှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အရပ်သားတစ်ဦးက စွဲဆိုတဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ (၃) ဦးလုံးကို စွဲဆိုထားတဲ့ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ကို စစ်ဆေးခဲ့တာပါ။ဒီနေ့ စစ်ဆေးတဲ့ အမှု (၂)ခုလုံးအတွက် နှစ်ဖက်စွဲချက်လျှောက်လဲချက်တင်တာတွေကို စစ်ဆေးခဲ့တယ်လို့ ရှေ့နေ့ အဖွဲ့ကပြောပါတယ်။

” ဒီနေ့တော့ အမေကျန်းမာရေးကောင်းပါတယ်။ မနေ့ကတော့ ကားကြောင့် မူးတာလို့ပြောပါ တယ်။ သူကနဂိုကတည်းကလည်း ကားမူးတတ်တယ်လို့ပြောပါတယ်။သူအိမ်ပြန်ရောက်တော့ ဆရာဝန်နဲ့ကုသမူပေးတယ်။ နောက် တစ်အိမ်လုံးကိုလည်း ကိုဗစ်ထပ်စစ်ရတယ်ပြောပါတယ်။ ဒီနေ့တော့ကျန်းကျန်းမာမာပါပဲ။ ပြည်သူတွေကိုလည်းကျန်းမာရေးအတွက်စိတ်ပူတယ်ပြောတယ်။

ဂရုစိုက်ကြဖို့ပေါ့ ပြောပါတယ် ” လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြောပါတယ်။ ကိုဗစ်ထိန်းချုပ်ဖို့ဆိုတဲ့ ရုံးပိတ်ရက်တွေကြောင့် နှစ်လကျော်ကြာရုံးထုတ်စစ်ဆေးနိုင်တာမရှိခဲ့တဲ့ အမှုတွေကို မနေ့က စက်တင်ဘာ ၁၃ရက်ကပြန်လည်စတင်ပြီး နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိမြို့နယ် က သီးသန့်အထူးတရားရုံးမှာ စစ်ဆေးတာဖြစ်ပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *