စစ်ကောင်စီနဲ့ တရုတ်ကိုသတင်းစကားပါးလာလိုက်တဲ့ NUG က ဒေါ်ဇင်မာအောင်

“ကျမတို့က တရုတ်အပါအဝင် နိုင်ငံတကာကိုပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီအနေနဲ့ ကိုယ်ပြည်သူကိုတောင် ကိုယ်အကာအကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။

ကိုယ့်ပြည်သူရဲ့ ပိုင်ဆိုင်မှုကိုတောင် ပြန်ဖျက်စီးနေတဲ့၊ ကိုယ့်ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုတောင် ကာကွယ်မပေးနိုင်တဲ့ စစ်ကောင်စီပါ။

သူတို့က ဘယ်သူ့ အကျိုးစီးပွားကိုမှ အကာကွယ်ပေးနိုင်မှာလဲ ။ ဒါအင်မတန်သေချာတဲ့ ကိစ္စ ၊အဲဒီတော့ ရေတိုကိုကြည့်ပြီးတော့ အင်အားရှိတယ်၊ လက်နက်ရှိတယ်၊ အာဏာသိမ်းယူထားပြီး နေပြည်တော်မှာ ရောက်နေတဲ့သူတွေနဲ့ပဲ ဆက်ဆံမှာလား၊ ဒါမှမဟုတ် တကယ့် ground မှာ ရှိတဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရနဲ့ ဆက်ဆံမလား။ ပြည်သူ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ အစိုးရရှိနေသရွေ့ ရေတိုပဲရမယ်။

အရင်တုန်းကလည်းဒီအတိုင်းပဲလေ၊ ငြိမ်ပြီ ဆိုပြီးလာတာပဲ၊ ဘာဖြစ်လဲ ၊ ပြည်သူရဲ့သဘောဆန္ဒနဲ့မကိုက်ညီတဲ့ အာဏာရှင်ဓလေ့ရှိတဲ့အစိုးရတွေ အုပ်ချုပ်နေ နေသရွေ့ဘယ်သူ့ရဲ့ အကျိုးစီးပွားမှ ရေရှည်မတည်တံ့ဘူး။ သေချာတာက ကျမတို့ ပြည်သူလူထုနဲ့ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံတဲ့ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရအောက်မှာ ရှိနေမှသာ၊ ဒီစနစ်ကြီး ခိုင်မာမှသာ၊ တရုတ်အပါအဝင် အခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတရုတ်နိုင်ငံကို ကျမတို့ပေးထားတဲ့ သတင်းစကားပါ”

Zawgyi/

“ကျမတို့က တရုတ်အပါအဝင် နိုင်ငံတကာကိုပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီအနေနဲ့ ကိုယ်ပြည်သူကိုတောင် ကိုယ်အကာအကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ပြည်သူရဲ့ ပိုင်ဆိုင်မှုကိုတောင် ပြန်ဖျက်စီးနေတဲ့၊ ကိုယ့်ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုတောင် ကာကွယ်မပေးနိုင်တဲ့ စစ်ကောင်စီပါ။

သူတို့က ဘယ်သူ့ အကျိုးစီးပွားကိုမှ အကာကွယ်ပေးနိုင်မှာလဲ ။ ဒါအင်မတန်သေချာတဲ့ ကိစ္စ ၊အဲဒီတော့ ရေတိုကိုကြည့်ပြီးတော့ အင်အားရှိတယ်၊ လက်နက်ရှိတယ်၊ အာဏာသိမ်းယူထားပြီး နေပြည်တော်မှာ ရောက်နေတဲ့သူတွေနဲ့ပဲ ဆက်ဆံမှာလား၊ ဒါမှမဟုတ် တကယ့် ground မှာ ရှိတဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရနဲ့ ဆက်ဆံမလား။ ပြည်သူ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ အစိုးရရှိနေသရွေ့ ရေတိုပဲရမယ်။ အရင်တုန်းကလည်းဒီအတိုင်းပဲလေ၊ ငြိမ်ပြီ ဆိုပြီးလာတာပဲ၊ ဘာဖြစ်လဲ ၊ ပြည်သူရဲ့သဘောဆန္ဒနဲ့မကိုက်ညီတဲ့ အာဏာရှင်ဓလေ့ရှိတဲ့အစိုးရတွေ အုပ်ချုပ်နေ နေသရွေ့ဘယ်သူ့ရဲ့ အကျိုးစီးပွားမှ ရေရှည်မတည်တံ့ဘူး။

သေချာတာက ကျမတို့ ပြည်သူလူထုနဲ့ တိုင်းရင်းသားအားလုံး လိုလားတောင့်တနေတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံတဲ့ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရအောက်မှာ ရှိနေမှသာ၊ ဒီစနစ်ကြီး ခိုင်မာမှသာ၊ တရုတ်အပါအဝင် အခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတရုတ်နိုင်ငံကို ကျမတို့ပေးထားတဲ့ သတင်းစကားပါ” 

Leave a Reply

Your email address will not be published. Required fields are marked *