စတင်ကျင်းပနေပြီဖြစ်တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ညီလာခံ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ညီလာခံကို ဂျီနီဗာမြို့မှ ဒီနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

အဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး
(၁) အရင်ညီလာခံမှာ ဆုံးဖြတ်ထားတဲ့အတိုင်း အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ဒီညီလာခံမှာ ကိုယ်စားပြုတက်ရောက်ခွင့်မပြုသေးပါဘူး။

(၂) မြန်မာနိုင်ငံက တင်သွင်းရမဲ့ လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမဲ့ အစီအစဥ် (UPR report) ၂၀၂၂ ခုနှစ် မတ်လမှ ကျင်းပမဲ့ညီလာခံကို ထပ်မံရွေ့ဆိုင်းလိုက်ပါတယ်။

(၃) အခု ၄၈ကြိမ်ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‌ဆွေးနွေးပွဲ (၃) ခုရှိပါမယ်။

ပထမတခုကတော့ စက်တင်ဘာ (၁၃) ရက်မှာ ကျင်းပခဲ့တဲ့ IIMM ရဲ့ အစီရင်ခံတင်ပြမှုဖြစ်ပါတယ်။ဒုတိယကတော့ စက်တင်ဘာ (၂၂) ရက်နေ့မှာ ကျင်းပမဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့ တင်ပြမှုပါ။

တတိယတခုကတော့ စက်တင်ဘာ (၂၃) ရက်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှုဖြစ်ပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေအကြောင်းတွေကို အချိန်နဲ့တပြေးညီ ပေးပို့နေပါတယ်။ သီးသန့်အစီရင်ခံစာတစောင်ကိုလဲ မကြာမီ ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

Zawgyi/ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ညီလာခံကို ဂျီနီဗာမြို့မှ ဒီနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

အဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး
(၁) အရင်ညီလာခံမှာ ဆုံးဖြတ်ထားတဲ့အတိုင်း အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ဒီညီလာခံမှာ ကိုယ်စားပြုတက်ရောက်ခွင့်မပြုသေးပါဘူး။

(၂) မြန်မာနိုင်ငံက တင်သွင်းရမဲ့ လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမဲ့ အစီအစဥ် (UPR report) ၂၀၂၂ ခုနှစ် မတ်လမှ ကျင်းပမဲ့ညီလာခံကို ထပ်မံရွေ့ဆိုင်းလိုက်ပါတယ်။

(၃) အခု ၄၈ကြိမ်ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‌ဆွေးနွေးပွဲ (၃) ခုရှိပါမယ်။ပထမတခုကတော့ စက်တင်ဘာ (၁၃) ရက်မှာ ကျင်းပခဲ့တဲ့ IIMM ရဲ့ အစီရင်ခံတင်ပြမှုဖြစ်ပါတယ်။

ဒုတိယကတော့ စက်တင်ဘာ (၂၂) ရက်နေ့မှာ ကျင်းပမဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့ တင်ပြမှုပါ။တတိယတခုကတော့ စက်တင်ဘာ (၂၃) ရက်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှုဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေအကြောင်းတွေကို အချိန်နဲ့တပြေးညီ ပေးပို့နေပါတယ်။ သီးသန့်အစီရင်ခံစာတစောင်ကိုလဲ မကြာမီ ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *