တောင်ကိုရီးယားရဲ့ နာမည်ကြီးSBS တွင် ကီုရီယားနာမည်ကျော်များနှင့်အတူ မြန်မာ့အရေးပါဝင်တင်ဆက်ခဲ့တဲ့ဆရာမ ချမ်းမြမြသော်

Master in the house အစီအစဉ်ဟာ တောင်ကိုရီးယားရုပ်သံတစ်ခုဖြစ်တဲ့ SBSမှ နာမည်ကြီး Variety show တစ်ခုဖြစ်ပြီး ဒီအစီအစဥ်မှာ မြန်မာ့အရေးကို အထူးအစီအစဥ်တစ်ရပ်အဖြစ်ပါဝင်ဆွေးနွေးဖို့ ဆရာမချမ်း မြမြသော်ကို ဖိတ်ကြားခဲ့တာဖြစ် ကြောင်းလည်း သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေခဲ့ပါတယ်။

“အာဏာသိမ်းပြီး နောက်တစ်နေ့က စပြီး ကျွန်မ KBS ရုပ်သံက သတင်းအစီအစဥ်ကနေ မြန်မာပြည်အကြောင်းကို လစဥ် ဆွေးနွေးလာခဲ့တာ အခုဆို အကြိမ်ရေ ၅ကြိမ် ရှိပါပြီ။ အခု ပထမဦးဆုံး အကြိမ် SBS ရုပ်သံရဲ့ ပရိုဂရမ် တစ်ခုကနေ မြန်မာအကြောင်း ဆွေးနွေးဖို့ ကမ်းလှမ်းလာတာမို့ ကျွန်မတို့ အတူတူ ပြင်ဆင်နေကြပါတယ်။ SBS ရုပ်သံဟာ Running Manလို ကမ္ဘာကျော် ပရိုဂရမ်တွေ အများကြီးကို ထုတ်လွှင့်နေတဲ့ ကိုရီးယားရဲ့ Top ရုပ်သံ တစ်ခု ဖြစ်ပါတယ်။
အခု ဒီပရိုဂရမ်က​နေ ခါတိုင်း တင်ဆက်နေကျ ပုံစံ မဟုတ်တဲ့ ပုံစံအသစ်နဲ့ မြန်မာ့အရေးကို ​အထူး တင်ဆက်မှာ ဖြစ်ပါတယ်။ လာမယ့် ၁၇ရက်နေ့(တနင်္လာနေ့)မှာ ရိုက်ကူးမှာ ဖြစ်ပြီး မြန်မာနိုင်ငံသား ကျွန်မကို အဓိကထားပြီး ကမ္ဘာအရပ်ရပ်(ပြင်သစ်၊ အီတလီ စတဲ့) နိုင်ငံခြားသားတွေ စုဝေးပြီး မြန်မာ့အရေးကို သုံးသပ်ဆွေးနွေးကြမယ့် အစီအစဥ် ဖြစ်ပါတယ်။ဒါဟာ ကျွန်မတို့အတွက် အရမ်း အကျိုးရှိမယ့် အခွင့်အရေး ဖြစ်ပါတယ်။ နိုင်ငံတကာက လူတွေကို အသိပေးသလို ဖြစ်စေမယ့် အခွင့်အရေး ဖြစ်တာကြောင့်ပါ။ အမိမြေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားတင်ဆက်ပါမယ်” ဆိုပြီးတော့ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာ့အရေးအထူးဆွေးနွေးတင်ဆက်မယ့် ဒီအစီအစဥ်ကိုတော့ မေလ ၁၇ ရက်နေ့မှာရိုက်ကူးခဲ့တာဖြစ်ပြီး အစီအစဉ်ရဲ့ host ​တွေကတော့ မင်းသား Lee Seung Gi, Astro အဖွဲ့ဝင် Cha Eun Woo, မင်းသား Shin Sung-rok , ဟာသလူရွှင်တော် Yang Se-hyung, UFC fighter “Dong Hyun Kim” အစရှိတာတွေဘဲ ဖြစ်ပါတယ်။
zawgyi

တောင်ကိုရီးယားရဲ့ နာမည်ကြီးVariety show တစ်ခုဖြစ်တဲ့ Master in the houseတွင် မြန်မာ့အရေးပါဝင်တင်ဆက်ခဲ့တဲ့ဆရာမ ချမ်းမြမြသော်

Leave a Reply

Your email address will not be published. Required fields are marked *