လူထုအား ကူညီကာကွယ်ရန် နိုင်ငံတကာကို အားကိုးမရတော့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး၍မရတော့ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချို့နိုင်ငံတွေရဲ့ ဖိတ်ကြားမှုကြောင့် စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ အစည်း အဝေး တွေ တက်ရောက်ခွင့် ရနေမှုဟာ NUG အစိုးရ တရားဝင်မှုကို ထိခိုက် စေတယ် လို့လည်း ဆိုပါတယ်။

ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ NUG ကို တရားဝင် အသိအမှတ် ပြုပေးဖို့ ကြေညာချက်မှာ ထပ်မံ တိုက်တွန်း ထားပြီး၊ ဒါမှသာ NUG အနေနဲ့ လူထုကို အကာအကွယ်ပေးရမယ့် လိုအပ်ချက်တွေကို တုန့်ပြန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ (၇) ရက် ပြည်သူ့တော်လှန်ရေး စတင်ကြောင်း ကြေညာခဲ့တဲ့ အပေါ် ပြည်သူများက တခဲနက် ကြိုဆိုထောက်ခံခဲ့ကြပြီး၊ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များ အနေနဲ့ လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ပူးပေါင်း ခုခံ တွန်းလှန် သွားဖို့ ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *