အာဖဂန်မှာကျန်ရစ်ခဲ့ရတဲ့ အမေရိကန် မိုင်းရှင်းခွေးလေးအဖြစ်

အမေရိကန်တို့ ပြီးခဲ့သည့် လကုန်ပိုင်းက စွန့်ခွာသွားခဲ့သော ကဘူးလေဆိပ်ရှိ လေ့ကျင့်ရေးစခန်းတွင် ခွေးများ ဒါဇင်နှင့်ချီ၍ ကျန်ရစ်ခဲ့ကြောင်း ယင်းစခန်းကိုရှင်းလင်းရသည့် တာလီဘန်တာဝန်ရှိသူကဆိုသည်။

ခွေးများကို မည်သည့်တပ်ဖွဲ့က ပိုင်ဆိုင်ကြောင်းမသိရသော်လည်း ယင်းခွေးများထဲတွင် မိုင်းရှင်းရန်လေ့ကျင့်ပေးထားသောခွေးများပါဝင်နေကြောင်း ယခုအခါ ခွေးများကို တာဝန်ယူထိန်းသိမ်းသူကပြောသည်။

အမေရိကန်တို့ လေဆိပ်ကို စွန့်ခွာသွားပြီးနောက် ခွေးများကျန်ရစ်ခဲ့သည်ကိုတွေ့လျှင်တွေ့ခြင်းပင် သူတာဝန်ယူကာ ဆက်လက်ထိန်းသိမ်းထားကြောင်း လေဆိပ်ကိုတာဝန်ယူထားသည့် လုံခြုံရေးကုမ္ပဏီမှ ဟေဝပ်ဒ်အာဇီဖီကပြောခြင်းဖြစ်သည်။

“အမေရိကန်စစ်သားတွေထွက်ခွာသွားပြီးနောက် ခွေးတွေကျန်ခဲ့တာကို တွေ့တာနဲ့ ကျွန်တော်ဆက်မွေးထားတာပါ”ဟု သူကပြောသည်။

လက်ရှိတွင် သူတာဝန်ယူစောင့်ရှောက်ထားသည့်ခွေး ၃၀ ရှိပြီး၊ ယင်းတို့အနက် တစ်ဝက်မှာ အမေရိကန်တပ်စခန်းများမှဖြစ်ကာ၊ ကျန်ခွေးများမှာမူ ယခင် အာဖဂန်ရဲတပ်ဖွဲ့မှ ခွေးများဖြစ်သည်ဆို၏။

ယခုသော် အာဇီဇီနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် ကွန်တိန်နာသေတ္တာများအတွင်းတွင် အကန့်များကန့်ကာ ကောက်ရိုးများခင်းကာ ခွေးများကို ကျွေးမွေးစောင့်ရှောက်ထားကြေင်းသိရသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *