တောထဲမှာပြုလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်မင်းဟန်ထက်မွေးနေ့

သောကြာသားရဲ့ သောကြာနေ့ကျတဲ့ မွေးနေ့။

ကျနော့်ကိုမွေးတုန်းက မွေးရခက်တယ်လို့ မေမေတို့၊ ပါပါးတို့က ဆိုကြတယ်။ ၁၉၉၉ စက်တင်ဘာ (၉) ရက်နေ့မှာ မေမေက ဗိုက်နာတော့ ကျနော့်ကို အဲဒီနေ့မှာ မွေးမယ်လို့ ထင်ကြတာပေါ့၊ Date အရဆိုရင်လည်း ၉ရက် ၉လ ၉၉ ခုနှစ် ဆိုတော့ အမှတ်တရပေါ့၊ ဒါပေမယ့် အကြောတင်းတဲ့ မင်းဟန်ထက်က အဲဒီနေ့မှာ လုံးဝထွက်မလာဘဲနဲ့ နောက်နေ့ (၁၀) ရက်နေ့ မနက် ၁နာရီကျော်လောက်မှ ထွက်လာတယ်တဲ့၊ မေမေကတော့ ၉ ရက်နေ့တစ်နေကုန်၊ တစ်ညလုံး ဗိုက်နာနေခဲ့တာပေါ့။

ပြီးတော့ မေမေတို့ ပြန်ပြောပြချက်တွေအရ ကျနော်က လေးနှစ်သားအထိ နို့ဖြတ်လို့မရခဲ့ဘူးတဲ့၊ နောက်ဆုံးမှာတော့ ေမွးနေ့ပွဲလုပ်ပေးရင် နို့ဖြတ်မယ်ဆိုပြီး ကျနော်က ကမ်းလှမ်းခဲ့တယ်လို့ အဆိုရှိကြတယ်၊ အဲဒါနဲ့ပဲ ကျနော်တက်တဲ့ မူကြိုမှာ ကိတ်မုန့်ကြီးခွဲ၊ Happy Birthday တွေဆို ၊ မွေးနေ့ပွဲလုပ်ပြီး နို့ပြတ်သွား​​လေသတဲ့ ။ (အံမယ် လေးနှစ်သားက ကတိတော့တည်သား)

ဒါကတော့ မေမေတို့ စိတ်လိုလက်ရရှိတဲ့အချိန် ပြန်ပြန်ပြောလေ့ရှိတဲ့ ကျနော့်မွေးနေ့နဲ့ ပတ်သက်တဲ့ ကျနော်မသိတဲ့၊ ကျနော်သိပ်မမှတ်မိတဲ့အကြောင်းတွေပေါ့။

နောက်ပိုင်းမှာတော့ မွေးနေ့ပွဲဆိုတာကို ပုံစံမျိုးစုံနဲ့ လုပ်ဖူးခဲ့တာပေါ့၊ ခပ်ပေပေ ခပ်ဆိုးဆိုး၊ မူးမူးရူးရူးနဲ့ မွေးနေ့ကိုဖြတ်ကျော်ဖူးသလို အင်္ကျီအဖြူနဲ့ ပုဆိုးနဲ့လည်း ဘုရားရောက်ဖူးတဲ့နှစ်တွေ ရှိတာပါပဲ။

တော်လှန်ရေးရဲ့နေ့ရက်တွေအတွင်းက မွေးနေ့မှာ အားပေး၊ ဆုတောင်းပေးကြတဲ့ ရဲဘော်များ၊ မိတ်ဆွေများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်ခင်ဗျာ။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *