ခုနစ်လအတွင်း မြန်မာပြည်သူလူထုခံစားနေရတဲ့ဒုက္ခတွေ ပြောင်းလဲလျော့ပါးသွားတာမရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ ပြောကြား

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း  မြန်မာပြည်သူပြည်သားတွေက စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုတွန်းလှန်လာတာ ခုနစ်လကြာမြင့်လာပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကတော့ ခေါင်းမာနေဆဲဖြစ်ပြီး လူထုခံစားနေရတဲ့ ဒုက္ခတွေဟာလည်း ပြောင်းလဲလျော့ပါးသွားတာ မရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောကြားလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ ကြေညာလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အထူးအကြံပေးကောင်စီရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့  မစ္စယန်ဟီးလီကအခုလို ပြောကြားထားတာဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုကို ကူညီဖို့အခွင့်အရေး ရှိပေမယ့် ပျက်ကွက်ခဲ့ပြီး အာဆီယံအနေနဲ့လည်း ဧပြီလတုန်းက ကတိပေးခဲ့တဲ့အတိုင်း နိုင်ငံအတွင်း လူမှုကယ်ဆယ်ရေးပေးဖို့ကိစ္စကိုတောင် အခုထိ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အထူးအကြံပေးကောင်စီရဲ့ထုတ်ပြန်ချက်္မှာ ထောက်ပြပါရှိလာခဲ့ပါသည်။

အထူးအကြံပေးကောင်စီရဲ့နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ်ဆီဒေါတီး ကတော့ မြန်မာနိုင်ငံမှာ လူထုအနေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကို မခံနိုင်လွန်းလို့ လက်နက်ကိုင်ဖို့ဖြစ်လာတာကို စာနာနားလည်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းအသိပေးထားပါသည်။

ဒါပေမဲ့ NUG ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်ရလဒ်နဲ့ပတ်သက်လို့  စိုးရိမ်တယ်လို့ သူက ဆက်ပြောထားတာလည်း မြင်တွေ့ရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး၊ တရားမျှတရေးစတဲ့ တာဝန်ခံမှုတွေ မြန်မာနိုင်ငံမှာ ရရှိလာစေဖို့အတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့  သီးခြားလွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်‌ေကြာင်းသိရှိရပါသည်။

Zawgyicode:

ခုနစ်လအတွင်း မြန်မာပြည်သူလူထုခံစားနေရတဲ့ဒုက္ခတွေ ပြောင်းလဲလျော့ပါးသွားတာမရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ ပြောကြား

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း  မြန်မာပြည်သူပြည်သားတွေက စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုတွန်းလှန်လာတာ ခုနစ်လကြာမြင့်လာပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကတော့ ခေါင်းမာနေဆဲဖြစ်ပြီး လူထုခံစားနေရတဲ့ ဒုက္ခတွေဟာလည်း ပြောင်းလဲလျော့ပါးသွားတာ မရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောကြားလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ ကြေညာလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ ထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်ထဲမှာ အထူးအကြံပေးကောင်စီရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့  မစ္စယန်ဟီးလီကအခုလို ပြောကြားထားတာဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုကို ကူညီဖို့အခွင့်အရေး ရှိပေမယ့် ပျက်ကွက်ခဲ့ပြီး အာဆီယံအနေနဲ့လည်း ဧပြီလတုန်းက ကတိပေးခဲ့တဲ့အတိုင်း နိုင်ငံအတွင်း လူမှုကယ်ဆယ်ရေးပေးဖို့ကိစ္စကိုတောင် အခုထိ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အထူးအကြံပေးကောင်စီရဲ့ထုတ်ပြန်ချက်္မှာ ထောက်ပြပါရှိလာခဲ့ပါသည်။

အထူးအကြံပေးကောင်စီရဲ့နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခရစ်ဆီဒေါတီး ကတော့ မြန်မာနိုင်ငံမှာ လူထုအနေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကို မခံနိုင်လွန်းလို့ လက်နက်ကိုင်ဖို့ဖြစ်လာတာကို စာနာနားလည်ကြောင်း ထုတ်ပြန်ချက်္မှာ ထည့်သွင်းအသိပေးထားပါသည်။

ဒါပေမဲ့ NUG ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်ရလဒ်နဲ့ပတ်သက်လို့  စိုးရိမ်တယ်လို့ သူက ဆက်ပြောထားတာလည်း မြင်တွေ့ရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး၊ တရားမျှတရေးစတဲ့ တာဝန်ခံမှုတွေ မြန်မာနိုင်ငံမှာ ရရှိလာစေဖို့အတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့  သီးခြားလွတ်လပ်တဲ့အဖွဲ့တစ်ခုဖြစ်‌ေကြာင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *