PDF အနေဖြင့်သက်မဲ့တာဝါတိုင်များအား တိုက်ခိုက်နေမည့်အစား မိမိတပ်မတော်အားလာတိုက်ဖို့ စကစဆို

စက်တင်ဘာလ၉ရက်

ယနေ့နံက်ပြုလုပ်သောနေပြည်တော်အစည်းအဝေးခန်းမ အစည်းအဝေးတွင်စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင် က PDF အမည်ခံသူပုန်တွေဟာ သက်မဲ့ တာဝါတိုင်တွေကို အကြောင်းမဲ့ဗုံးခွဲဖျက်ဆီးနေကြတယ်၊ PDF တွေ တကယ်သတ္တိရှိတယ်ဆိုရင် ကျွန်တော်ရဲ့ တပ်မတော်ကို လာတိုက်ကြဟုပြောကြားလိုက်သည်။

တစုံတစ်ဦး၊တစ်စုတစ်ဖွဲ့ပျက်စီးပါစေဆိုတဲ့စိတ်နဲ့လုပ်နေကြတာဆိုရင်တော့ ဒါ တော်တော်လူသားမဆန်တဲ့အလုပ်လို့ ကျွန်တော်ပြောချင်တယ်၊ ဗုံးခွဲတာတွေကိုဆိုရှယ်မီဒီယာပေါ် Live လွှင့်ပြီး မင်းအောင်လှိုင် ရေ အမျှ အမျှ လို့ Live လွှင့်သူကအော်သွားတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် NLD ပါတီထောက်ခံနေသူတွေဟာ တပ်မတော်ခေါင်းဆောင်အပေါ်ပြည်သူတွေအကြည်ညိုပျက်အောင်တွန်းပို့နေတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော် PDF တွေကို ထပ်မံသတိပေးလိုပါတယ် သက်မဲ့တာဝါတိုင်က ဘာမှပြန်မတုံ့ပြန်တတ်ဘူး၊ တကယ်သတ္တိရှိတယ်ဆိုရင်ကျွန်တော်ရဲ့တပ်မတော်ကို တိုက်ခိုက်ပါ၊နောက်ပြီး ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေကိုအကြောင်းမဲ့သတ်ဖြတ်နေတာ ၊ ပြည်
ခိုင်ဖြိုးပါတီဝင်တွေကို ဒလန်အမည်တပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေကြတာ မင်းမဲ့တိုင်းပြည်လိုဖြစ် နေတဲ့အတွက် တပ်မတော်အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေကြားကနေအခက်အခဲ အကြပ်အတည်းတွေတွေ့ကြရတော့မှာဖြစ်ပါတယ်။

PDF စစ်သူပုန်များကို စစ်ပညာသင်ကြားပေးနေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအနေဖြင့် တိုင်းပြည်ပျက်စီးအောင်အားပေးအါးမြှောက်ပြုနေကြခြင်းကိုဆက်မလုပ်ဖို့တိုက်တွန်းလိုပါတယ်၊
အမှားကိုသိလို့ တပ်မတော်ဆီ အလင်းဝင်လိုသူ PDF များကိုတပ်မတော်မှကြိုဆိုနေပါတယ်၊ ဖမ်းဆီးထောင်ချတာ၊သတ်ဖြတ်တာတွေမလုပ်ဘူးလို့လည်းအာမခံပါတယ်။
crd; Bago watch

Leave a Reply

Your email address will not be published. Required fields are marked *