တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလို မတင်ကြပါရန် KNU အသိပေး‌ေကြငြာ 

Unicode:

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားခြင်း၊ KNU မှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများ ကြားသိရပါက အွန်လိုင်းပေါ် အလျင်စလို မတင်ရန် အသိပေးသည့် ကြေညာချက်တစောင်ကို KNU က ယနေ့ ထုတ်ပြန်လိုက်ပါသည်။

“ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်လာသည့် အဆိုပါ အသိပေးစာတွင် စစ်ရေးလှုပ်ရှားမှု့ အကြောင်းအရာများကို အွန်လိုင်းပေါ် အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာ သက်ရောက်ပြီး စစ်မြေပြင်၌ KNU က ဆက်လက် လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှု ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဖော်ပြထားပါသည်။

“ပုံမှန်အားဖြင့် KNU နှင့် အကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခြင်းနှင့် စစ်ကူတပ်ဖွဲ့များ စေလွှတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် KNU မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျှင် အွန်လိုင်း (Online) ပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံပါသည်” ဟူ၍လည်း ပြောကြားထား ခဲ့ပါသည်။

Zawgyicode:

:rEf

Leave a Reply

Your email address will not be published. Required fields are marked *