မြောင်ပြည်သူ့ကာကွယ်ရေးတပ်၏တိုက်ခိုက်္မှု့ကြောင့် စစ်သား၁၂ ဦးသေဆုံးခဲ့ပြီး ရဲသုံးဦး အသိတရားရ၍ CDM ပြုလုပ်ခဲ့

Unicode:

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၏ တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ၈ရက်နေ့တစ်ရက်တည်းတွင် အကြမ်းဖက်စစ်တပ်မှစစ်သား၁၂ဦးသေဆုံးခဲ့ပြီး ရဲသုံးဦး ပြည်သူနှင့်အတူ ပူးပေါင်းကာ CDMပြုလုပ်ခဲ့ကြပါသည်။

စက်တင်ဘာလ ၈ ရက်နေ့တစ်ရက်တည်းတွင် အကြမ်းဖက်စစ်တပ်နှင့် CDSOMတို့အကြားနေရာနှစ်ခုတွင် တိုက်ပွဲသုံးကြိမ်ဖြစ်ပွားပြီး စစ်သား၁၂ဦးသေဆုဲံးကာ ရဲသုံးဦး CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောင်မြို့နယ်မြို့နယ် မြစ်ဆုံကျေးရွာသို့အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်နှင့် CDSOM တို့ နံနက်၁၀နာရီခွဲနှင့် ညနေ၃နာရီတို့တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်သားစုစုပေါင်းကိုးဦး သေဆုံးခဲ့ကြပါသည်။

တိုက်ပွဲများတွင် မဟာမိတ်အဖွဲ့ဝင်များနှင့် 27 Revolution Forces(Myi Gyan PDF)နှလုံးလှလူမိုက်ကြီးများ အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ညနေပိုင်းတွင် ကျောက်ရစ်ကျေးရွာရှိ ရဲစခန်းကိုသွားရောက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်းရှိသူများကို CDM ပြုလုပ်ရန် ပြောကြားခဲ့ကြသည်။ ထို့သို့ပြောကြားသည့်အတွက် စခန်းမှူးနှင့်အတူ ရဲနှစ်ဦး CDMပြုလုပ်ခဲ့သည်ဟုသိရှိရသည်။

“ကျောက်ရစ်ရဲစခန်းမှာတော့ စခန်းမှူးနဲ့ရဲနှစ်ယောက် CDMဝင်သွားတယ် ”ဟု CDSOM မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။ ရဲများCDMပြုလုပ်ပြီးနောက် စခန်းသို့ စစ်ကားသုံးစီးရောက်ရှိလာသည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။ ထို့သို့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှသုံးဦး ကျဆုံးခဲ့သည်။ ရဲစခန်းကို စစ်တပ်ကပြန်လည်၍ ဝင်စီးလိုက်သည်ဟု သိရသည်။

CDMပြုလုပ်လာသောရဲများတွင် လက်နက်္များပါဝင်လာခြင်းမရှိသကဲ့သို့ စခန်းကိုဝင်စီးနိုင်ခဲ့သော်လည်း လက်နက်များရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။ လက်ရှိအချိိန်တွင် ရဲများမှာ ပြည်သူများနှင့်အတူ လှုပ်ရှားမှုတွင်ပါဝင်လျက်ရှိနေပြီး လုံခြုံသောနေရာတွင်ရှိပါနေသည်။

အကြမ်းဖက်စစ်‌ေကာင်စီစစ်တပ်သည် စစ်ကိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများရှိCDM ပြုလုပ်သူများကိုစစ်ကြောင်းများဖြင့် ရှာဖွေခြင်းများ၊ လူငယ်များကိုဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ စစ်တပ်သည် ပြည်သူ့အာဏာကိုအရပ်သားအစိုးရထံမှ လုယူထားသည်မှာ ရှစ်လကျော်ကြာမြင့် လာသည့်အချိန်တွင် ပြည်သူလူထုသည်အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်စွဲကိုင်ပြီးတော်လှန်တိုက်ခိုက်လျက်ရှိနေ‌ေကြာင်းသိရှိရပါသည်။

#CDSOm

Zawgyicode:

#ReF

Leave a Reply

Your email address will not be published. Required fields are marked *