D Day ဟာ အတာသင်္ကြန်မဟုတ်ကြောင်း ပျော်စရာမရှ်ကြောင်း စစ်ကောင်စီပြော၊

မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် အကျအဆုံးများနေသည့် စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ၏ ခုခံတွန်းလှန်ရန်အပါအဝင် အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းကို သင်္ကြန်အမြောက်ပစ်နေခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

“အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့ NUG၊ CRPH၊ PDF၊ NLD အစွန်းရောက်တွေအနေနဲ့ ဒီလိုကိစ္စတွေကို ဖေဖော်ဝါရီလကတည်းက လုပ်နေတာပါ။ သူတို့ သင်္ကြန်အမြောက်ပစ်ပြနေတာပါ။ တစ်ဒိုင်းဒိုင်းပစ်ပြနေတာပါ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောခဲ့သည်။

ထိုသို့ ပြောနေသော်လည်း မြန်မာနိုင်ငံအဝှမ်း သြဂုတ်လ တစ်လအတွင်း ဖြစ်သည့်တိုက်ပွဲနှင့် ပဋိပက္ခပေါင်း ၄၀၀ ကျော်အတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ နီးပါး သေဆုံးခဲ့သည်ဟု NUG အစိုးရက ယမန်နေ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်မှ စ၍ စစ်ကောင်စီ လက်ပါးစေများလက်ချက်ဖြင့် ကျဆုံးရသည့် ပြည်သူအရေအတွက်မှာ ၁၀၄၉ ဦးအထိ ရှိနေပြီး ၆၂၅၇ ဦးမှာ မတရားဖမ်းဆီး ချုပ်နှောင် ခံခဲ့ရကြောင်းနိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအဇွဲ့၏ အစီရင်ခံစာအရသိရသည်။

ထိုသို့ ပြည်သူလူထုအပေါ် မျက်ဝါးထင်ထင် အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများရှိနေသည့် စစ်ကောင်စီက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူကြောင်းကိုလည်း ပြောလာခဲ့ ပြန်သည်။

“နိုင်ငံနဲ့ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် တပ်မတော် နဲ့ ရဲတပ်ဖွဲ့က အာမခံပါတယ်” ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

NUGအစိုးရအနေ၏ အရေးပေါ်အခြေအနေကြေညာချက်သည် စက်တင်ဘာလ ၁၄ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂညီလာခံနှင့် နိုင်ငံတကာ၏ အာရုံစိုက်မှုအတွက် ယခုလိုကြေညာခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်းကဆိုသည်။

NUG အစိုးရက အရေးပေါ်အခြေအနေကြေညာပြီးနောက်တွင် စီးတီးမတ်၊ ဈေးဝယ်စင်တာများတွင် ရိက္ခာဝယ်ယူစုဆောင်းမှုများမြင့်တက်ခဲ့သည့်အပေါ် မြန်မာနိုင်ငံက အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်တဲ့နိုင်ငံဖြစ်သည့်အတွက်အခြေခံစားနပ်ရိက္ခာပြတ်တောက်သွားစရာအကြောင်းမရှိကြောင်းနှင့် ရန်ကုန်စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍ ဈေးကားအစီအစဉ်ပြုလုပ်ပေးနေသည့်အတွက် အခြေခံစားနပ်ရိက္ခာအတွက်ပူစရာမလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *