မင်းအောင်လှိုင်တို့ မိသားစု ပြေးကြတယ် (ဆိုတဲ့) ကိစ္စ အပေါ် mratt kyaw thu ရေးသားထုတ်ဖာ်

Zawgyicode:

ယမန်နေ့က အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကိုကို သွားတဲ့အကြောင်း ရေးခဲ့ကြတာ မှတ်မိကြပါဦးမယ်။ ပထမဆုံး စ ရေးတာက ထောက်ခံသူတွေ စုထားတဲ့ ဂရုတစ်ခုထဲက စပါတယ်။ အဲ့ဒီမှာ အဓိကပါတဲ့ စကားလုံးက “ထင်တာပါပဲ” ဆိုတဲ့စကားလုံးပါ။ လေကြောင်းပြ လမ်းကြောင်းတွေကို ကြည့်ပြီး သူ “ထင်တာ” ကို ရေးတင်လိုက်တာ တွေ့ရပါသည်။

မင်းအောင်လှိုင်၊ စိုးဝင်း၊ ဘာသတင်းနေနေ ထုံးစံအတိုင်း ဒီကိစ္စက ဟော့သွားတာပေါ့။ တကယ်တော့ MAI လေကြောင်းလိုင်း A319 (XY-AGR) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကို သွားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် မင်းအောင်လှိုင်တို့ မပါပါဘူး။ ဒါ့အပြင် ဒီခရီးစဉ်က ကောက်ခါငင်ကာ စီစဉ်ပြီးသွားတဲ့ ခရီးစဉ် မဟုတ်ပါ။ ဒီခရီးစဉ်က အရင် ဩဂုတ်လ ခရီးစဉ်ရဲ့ အဆက်ဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်နေ့မှာ MAI နဲ့ စစ်တပ်တွေရဲ့ အပြည်ပြည်ဆိုင်ရာ ဂိမ်းပြိုင်ပွဲ (International Army Game – Moscow) ခရီးစဉ်အဖြစ် စစ်ဘက်အရာရှိတွေကို နေပြည်တော်ကနေ ရုရှ၊ မော်စကို ကို ပို့ခဲ့ပါတယ်။ အဲ့ဒီလေယာဉ် အပြန်ခရီးကိုတော့ သြဂုတ် ၇ ရက်နေ့မှာ မော်စကိုကနေ နေပြည်တော်ကို ဆိုက်ပါသည်။

ဩဂုတ် ၇ ရက်နေ့က ပြန်လာတဲ့ ခရီးသည်စာရင်းကို ကြည့်ရင် ရုရှား လေကြောင်းရန် ကာကွယ်ရေးပညာရှင် ၁၃ ယောက်၊ စစ်ဘက်သုံးလေယာဉ် ရဟတ်ယာဉ် ကုမ္ပဏီက ပညာရှင် ၁၃ ယောက်၊ ပြီးတော့ စကားပြန်တစ်ယောက် စုစုပေါင်း ရုရှားနိုင်ငံသား ၂၇ ယောက်တိတိ ပါလာပါတယ်။ (ဒီစာရင်းကိုလည်း လူနာမည်အတိအကျနဲ့ ရရှိထားပြီး ဖြစ်ပါတယ်။

ယမန်နေ့က ဩဂုတ် ၄ ရက် ခရီးစဉ်မှာတော့ အဲ့ဒီ ရုရှားပညာရှင်တွေထဲကတစ်ချို့ကို အစားထိုးဖို့၊ လဲလှယ်ဖို့အတွက်လည်း ပါသလို မော်စကိုကနေ အပြန်မှာ အားကစားပွဲပြီးလို့ အိမ်ပြန်လာမယ့် မြန်မာစစ်တပ်က စစ်သားတွေကိုလည်း ပြန်ခေါ်လာဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ စက်တင်ဘာ ၇ ရက်နေ့ မနက် အစောပိုင်းမှာ နေပြည်တော်ကို ပြန်ရောက်္မှာ ဖြစ်ပါသည်။

 

Unicode:

ယမန်နေ့က အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကိုကို သွားတဲ့အကြောင်း ရေးခဲ့ကြတာ မှတ်မိကြပါဦးမယ်။ ပထမဆုံး စ ရေးတာက ထောက်ခံသူတွေ စုထားတဲ့ ဂရုတစ်ခုထဲက စပါတယ်။ အဲ့ဒီမှာ အဓိကပါတဲ့ စကားလုံးက “ထင်တာပါပဲ” ဆိုတဲ့စကားလုံးပါ။ လေကြောင်းပြ လမ်းကြောင်းတွေကို ကြည့်ပြီး သူ “ထင်တာ” ကို ရေးတင်လိုက်တာ တွေ့ရပါသည်။

မင်းအောင်လှိုင်၊ စိုးဝင်း၊ ဘာသတင်းနေနေ ထုံးစံအတိုင်း ဒီကိစ္စက ဟော့သွားတာပေါ့။ တကယ်တော့ MAI လေကြောင်းလိုင်း A319 (XY-AGR) က ဒူဘိုင်းမှာ တစ်ထောက်နားပြီး မော်စကို သွားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် မင်းအောင်လှိုင်တို့ မပါပါဘူး။ ဒါ့အပြင် ဒီခရီးစဉ်က ကောက်ခါငင်ကာ စီစဉ်ပြီးသွားတဲ့ ခရီးစဉ် မဟုတ်ပါ။ ဒီခရီးစဉ်က အရင် သြဂုတ်လ ခရီးစဉ်ရဲ့ အဆက်ဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်နေ့မှာ MAI နဲ့ စစ်တပ်တွေရဲ့ အပြည်ပြည်ဆိုင်ရာ ဂိမ်းပြိုင်ပွဲ (International Army Game – Moscow) ခရီးစဉ်အဖြစ် စစ်ဘက်အရာရှိတွေကို နေပြည်တော်ကနေ ရုရှ၊ မော်စကို ကို ပို့ခဲ့ပါတယ်။ အဲ့ဒီလေယာဉ် အပြန်ခရီးကိုတော့ သြဂုတ် ၇ ရက်နေ့မှာ မော်စကိုကနေ နေပြည်တော်ကို ဆိုက်ပါသည်။

ဩဂုတ် ၇ ရက်နေ့က ပြန်လာတဲ့ ခရီးသည်စာရင်းကို ကြည့်ရင် ရုရှား လေကြောင်းရန် ကာကွယ်ရေးပညာရှင် ၁၃ ယောက်၊ စစ်ဘက်သုံးလေယာဉ် ရဟတ်ယာဉ် ကုမ္ပဏီက ပညာရှင် ၁၃ ယောက်၊ ပြီးတော့ စကားပြန်တစ်ယောက် စုစုပေါင်း ရုရှားနိုင်ငံသား ၂၇ ယောက်တိတိ ပါလာပါတယ်။ (ဒီစာရင်းကိုလည်း လူနာမည်အတိအကျနဲ့ ရရှိထားပြီး ဖြစ်ပါတယ်။

ယမန်နေ့က ဩဂုတ် ၄ ရက် ခရီးစဉ်မှာတော့ အဲ့ဒီ ရုရှားပညာရှင်တွေထဲကတစ်ချို့ကို အစားထိုးဖို့၊ လဲလှယ်ဖို့အတွက်လည်း ပါသလို မော်စကိုကနေ အပြန်မှာ အားကစားပွဲပြီးလို့ အိမ်ပြန်လာမယ့် မြန်မာစစ်တပ်က စစ်သားတွေကိုလည်း ပြန်ခေါ်လာဖို့ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ စက်တင်ဘာ ၇ ရက်နေ့ မနက် အစောပိုင်းမှာ နေပြည်တော်ကို ပြန်ရောက်္မှာ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *