နယ်ပြန်သွားတဲ့ ခင်ပွန်းသည်ကို မျှော်နေရှာတဲ့ ကိုယ်ဝန်သည်အမျိုးသမီး

ဖော်ပြပါကိုယ်ဝန်သည်အမျိုးသမီးက ဇာတိခဏပြန်ဦးမယ်ဆိုပြီး ပြန်မလာတဲ့ ခင်ပွန်းဖြစ်သူကို မျှော်နေရှာသူပါ။ အခုအချိန်မှာသားဝတ်နေရေး ခက်ခဲလာလို့ မိုးစက်က စောင့ရှောက်ကူညီပေးထားပါတယ်။ မိုးစက်က အဆိုပါအမျိုးသမီးရဲ့ဖြစ်စဥ်ကို အခုလိုပြန်လည်ပြောပြတာက….

“ညီမမျက်နှာပုံကိုဖျက်မတင်ပါနဲ့ ။ညီမအမျိုးသားတွေ့ရင်သူပြန်လာမယ်ထင်ပါတယ်။အခက်အခဲတွေ အရမ်းများလွန်းလို့မြစ်ထဲခုန်ချပြီးအဆုံးစီရင်ဖို့တောင်
တွေးထားမိတာတဲ့ဗျာ…။

ထိုင်းနိုင်ငံမှာ အလုပ် ၊ အတူတူလုပ်ပြီးပြန်လာတဲ့အချိန် သူ့ဇာတိခဏပြန်ဦးမယ်ဆိုပြီးအဆက်အသွယ်ပါပြတ်သွားခဲ့တာပါတဲ့…။
သူ့မှာကိုယ်ဝန်ကျန်တဲ့တာကိုလည်းသိမသွားပါဘူးတဲ့…။
အစကတော့ အဝတ်လျှော်၊ စက်ချုပ်ပြီး
မိဘနှစ်ပါးကို ရှာကျွေးခဲ့တယ်…။အခုတော့ ကိုယ်ဝန်က ၈ လထဲရောက်နေပြီမို့ဘာမှအဆင်မပြေတော့တဲ့အခါကျွန်တော့်ဆီကို အကူအညီလာတောင်းခံပါတယ်။
ကျွန်တော်လဲပိုက်ဆံတွေချည်းဘဲပေးခဲ့ချင်ပေမယ့်ကြွေးမှီတောင်းတဲ့လူတွေ ရှိခဲ့ရင်နောက်ရက်တွေစားရေးသောက်ရေးအခက်အခဲရှိနေမှာစိုးလို့…ဆန်တစ်အိတ် နဲ့ ငွေ ၃၀၀၀၀ အရင်ပေးခဲ့ပါတယ်။

ကဲ…ဒီပိုစ့်ကို ကောင်မလေးရဲ့အမျိုးသားတွေ့ရင်အမြန်ဆုံးကျွန်တော်မိုးစက်ဆီဆက်သွယ်ပါ။လောလောဆယ်တော့….ဒီအမျိုးသမီး… မီးဖွားဖို့ကိုကျွန်တော် တာဝန်ယူထားပါမယ်…..”လို့မိုးစက်က သူ့ဖေ့ဘွတ်စ်ပေါ်မှာရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *