စစ်အာဏာသိမ်းမှု့ကို ဆန့်ကျင်သော အဖွဲ့အစည်းများနှင့် လက်တွဲ၍ အာဏာ ရှင်စနစ်ကို ဆန့်ကျင်တော်လှန်မည်ဟု KNU က တရားဝင်ကြေညာ

Unicode:

ကရင်အမျိုးသားအစည်းအရုံး KNU က အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင် စနစ် အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

KNU က ၎င်း၏ သဘောထားကြေညာချက် ၃ ရပ်ကို စက်တင်ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက်များတွင် KNU သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီနစ်ကို မြှင့်တင်ရန် ခိုင်မာသော ကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းထားပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ၍ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်များမှ အကာအကွယ် ရယူလိုသည့် မည်သူကို မဆို တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးပြီး နှစ်ရည်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကို ဖြေရှင်းရန်၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းရန် ၊ နောက်ထပ်ဖြေရှင်းရေး နည်းလမ်းသစ်များအား ဆက်လက် ရှာဖွေ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကို ဒုတိယအချက်အနေဖြင့် KNU က ကြေညာထားသည်။

ပြည်သူလူထုမျာအးနေဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် မိမိတတ်နိုင်သည့်ဘက်က နည်းမှန် လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသရန် တိုက်တွန်းကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။

Zawgyicode:

Leave a Reply

Your email address will not be published. Required fields are marked *