NUGကိုယ်စားလှယ်နှင့် ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်း တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းသည် လက်ရှိ အာဏာရပါတီ၏ နိုင်ငံတကာဆက်ဆံရေးမှူး လွှတ်တော်အမတ်မစ္စတာအီယုန်ဆွန်း(လွှတ်တော်နိုင်ငံခြားရေးနှင့် တောင်မြောက်ပေါင်းစည်းရေး ကော်မတီဝင်)နှင့်ဘကိုရီးယားပြည်သူ့ လွှတ်တော်တွင် တွေ့ဆုံ၍ NUGအစိုးရ၏ ကိုယ်စားလှယ်ခန့်အပ်လွှာအား ပေးအပ်ကာ မြန်မာ့အရေးကိစ္စများအား နွေးထွေး ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ခန့်ထားနိုင်ရေးနှင့် NUGကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေးကိစ္စအားဆွေးနွေးရာလွတ်တော်အမတ် မစ္စတာ အီယုန်ဆွန်းက ကိုရီးယားလွှတ်တော်အမတ်များအနေဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ခန့်ထားနိုင်ရန်အတွက် အပြည့်အဝ ထောက်ခံပေးသွားမည်ဖြစ်ကြောင်း

ပြည်သူ့အစိုးရ NUGကို တရားဝင်အသိအမှတ်ပြုနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူဟန်ချက်ညီညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊မြန်မာပြည်သူများအတွက် ODAထောက်ပံမှုများကို UN မှတဆင့် လှူဒါန်းပေးနိုင်ရန်ကြိုးပမ်းနေကြောင်း၊စစ်ဘေးဒုက္ခသည်များကိုလည်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း စသည်တို့အား နွေးထွေးစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *