ကိုဗစ်ရောဂါခံစားနေရတဲ့မိဘနှစ်ပါးကိုပြုစုစောက်ရှောက်ပေးခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ရှင်မွေလ….

“တကယ်တော့ Covid ဆိုတာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ရောဂါပါ

ကျွန်တော့်အဖေရော အမေရော ရောဂါအတူတူ
ဖြစ်တယ် .. အမေက သွေးတိုးနှလုံးရှိလို့ ဖြစ်ဖြစ်ခြင်းက စပြီးခံရတယ် .. အမေဖျားတဲ့အချိန် အဖေက အေးဆေးပဲ …
ပြီးတော့ 9 ရက်မြောက်လဲရောက်ရော အမေက သက်သာသွားတယ် .. အဲ့အချိန်ထိ အဖေက အေးဆေးပဲ … 11 ရက်မြောက်လဲရောက်ရော အဖေ စပြီး ခံစားရပြီ .. ကိုဗစ်က မာယာများတာဗျ….

ကျွန်တော့်အဖေက ရောဂါအခံမရှိတော့ နည်းနည်း လေး လျော့တွက်မိလိုက်တာကြောင် ထင်ပါတယ် ကျွန်တော့်အဖေကို ကိုဗစ်က ပညာပြတာကို
ခံလိုက်ရတယ်…အဖေက ရောဂါအခံမရှိဘူး ဆိုပေမယ့် အမေထက်ပိုပြီး ခံလိုက်ရတယ်..
အမေတောင် oxygen မရှုရဘူး .. အဖေက oxygen ရှုရတယ် .. D-Dimer က normal 500 ကနေ 10000 ထိတက်သွားတော့ သွေးကျဲဆေးတွေ မနက်ရော ညရော 11 ရက်လောက် ဆက်တိုက်ထိုးလိုက်တော့ D-Dimer က 900 ပဲ ကျန်တော့တယ် အဲ့အခါကျမှပဲ ကျွန်တော့်အဖေလည်း သက်သာလာတယ် .. သွေးကျဲဆေးတစ်ခုတည်းနဲ့လည်း မပြီးပါဘူး ..တစ်ခြားဆေးတွေလည်း တိုက်ရသေးတယ်
ရေးနေရင် ရှည်မှာဆိုးလို့ မရေးတော့ဘူး
အခု တော့ အဖေ က ပိုပြီးSafe ဖြစ်အောင် အိမ်မှာပဲ အေးဆေးအနားယူဖို့ပဲကျန်တော့တယ်

ကျွန်တော်လည်း August လ တစ်လလုံး စိတ်ရော လူရော တစ်ကယ်ကို အရမ်းအရမ်းပင်ပန်းခဲ့တာပါအဓိကပြောချင်တာက အားလုံး ကိုဗစ်ကိုမပေါ့ဆပဲ လုံးဝဂရုစိုက်ပီးနေပေးကြပါလို့ ပြောချင်ပါတယ်ဗျာ”လို့ ရှင်မွေလက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *