ဦးတေဇ ကို ဗြိတိန်အစိုးရ ဒဏ်ခတ်အရေးယူမှုစတင်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ကို ဘဏ္ဍာငွေကြေးအရထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထား အရေးယူတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုအသစ်တွေထပ်မံ ချမှတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံက ဒီကနေ့ ကြေညာချက်လိုက်ပါတယ်။


ထူးကုမ္ပဏီနဲ့ ကုမ္ပဏီတည်ထောင်သူ ဦးတေဇရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကကျူးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာရှင်းလင်းရေးအစီအစဉ်တွေမှာ အသုံးပြုဖို့ လက်နက်ပွဲစားတဦးအနေနဲ့ ဦးတေဇက ၀ယ်ယူပေးခဲ့တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့နေရာတွေမှာအသုံးပြုခဲ့တဲ့ နည်းပညာတွေ ရရှိရေးအတွက်လည်း ဦးတေဇက ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ရက်နေ့က စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ခေါင်းဆောင်တွေအပါအ၀င် စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တချို့ကို ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *