ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံခွင့်ရရေး တရုတ်အစိုးရတိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံခွင့်ရရေး တရုတ်အစိုးရတိုက်တွန်း

မြန်မာနိုင်ငံသို့ သွားရောက်ချိန်တွင် စစ်ကောင်စီ ခေါင်းဆောင်များ အပါအဝင် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့်ရရေး မျှော်လင့်နေကြောင်း သိရသည်။


အာဆီယံ အထူးသံတမန် Erywan Yusof သည် ကိုယ်စားလှယ်အဖြစ် မခန့်အပ်ရသေးခင် ဇွန်လဆန်းပိုင်းကလည်းမြန် မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

အထူးသံတမန် Erywan Yusof သည် ယခုသွားရောက်မည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အတွက် စစ်ကောင်စီထံ တောင်းဆိုမှု ပြုလုပ်ထားကြောင်းလည်း သိရသည်။

Erywan Yusof သည် ပြည်တွင်းပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်သည့် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့်Virtual Meeting ဖြင့် သြဂုတ်လ နောက်ဆုံးအပတ်က တွေ့ဆုံဆွေးနွေးထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံခွင့်ရရေး ကြိုးပမ်းသွားရန် တရုတ်အစိုးရကလည်းအထူး တလည် တိုက်တွန်းထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *