ခင်ပွန်းဖြစ်သူဦးမေတ္တာ နှင့် မိခင်ဖြစ်သူကိုပါ ထပ်မံဆုံးရှုံးလိုက်ရတဲ့ ဦးမေတ္တာ ဇနီးမလွင်မီမီကို

ကွယ်လွန်သူ ဦးမေတ္တာရဲ့ တစ်လပြည့်တဲ့နေ့မှာ ဇနီးဖြစ်သူ မလွင်မီမီကိုရဲ့ မိခင်ဖြစ်သူကပါ ထပ်မံကွယ်လွန်ခဲ့ရပါတယ်။ 

သူမ သိပ်ချစ်ရတဲ့ ခင်ပွန်းသည်နဲ့ မိခင်ကို တစ်လခြားပြီး ခေါ်ဆောင်သွားတဲ့ ခံစားချက်ကို မလွင်မီမီကို က….

“ကံကြမ္မာရက်စက်လိုက်ပုံများ(၂.၉.၂၀၂၁) ချစ်ခင်ပွန်း ဦးမေတ္တာ ကွယ်လွန်သွားတာ(၁)လပြည့် ဘုန်းကြီးဆွမ်းကပ် ရေစက်ချ အမျှဝေပြီးတာနဲ့ မေမေရဲ့ရုပ်အလောင်းကိုသဂြိုဟ်ဖို့ပဲခူးကို အချိန်မှီသွားရမယ်လေ။ ဦး ကွယ်လွန်သွားပြီးဆိုတာတောင်မေမေ မသိသွားရှာဘူး။
သားသမီးတွေ ငယ်ငယ်တည်းက ဘာသာတရားလုပ်တတ်အောင်အမြဲတမ်းသွန်သင်ဆုံးမခဲ့တဲ့မေမေဘုရားကို တနေကုန်ရှိခိုး မျက်နှာသစ်တော်ရေ ဆွမ်း ဆွမ်းဟင်းအချိုပွဲကပ်တဲ့အခါမှာတောင် သွားကြားထိုးတံ အစာကြေဆေးက အစလှုပြီး ညဖက်ခြေဆေးတော်ရေအဆုံး တနေကုန်ကပ်လှူနေတဲ့မေမေ
သားသမီးကန်တော့တဲ့ပိုက်ဆံလေးတွေစုပြီး ဘုန်းကြီးကျောင်းတွေမှာအမြဲတမ်းလိုအပ်ချက်တွေလှူနေတဲ့မေမေ မြင့်မြတ်တဲ့ဘုံဘဝကိုရောက်ရှိမယ်ဆိုတာ သမီးယုံကြည်ပါတယ်။

ဦးမေတ္တာကို မေမေ့သားအကြီးဆုံးဆိုပြီးချစ်လည်းချစ်အားလည်းအားကိုးတဲ့မေမေ အခုတော့ မေမေချစ်တဲ့သားကြီးနောက်ကို လိုက်သွားပြီပေါ့နော်။သမီးသိပ်ချစ်တဲ့ဦးနဲ့သိပ်ချစ်တဲ့မေမေ ၂ယောက်လုံးကို (၁)လသာခြားပြီးခေါ်ဆောင်သွားလို့ ရင်တွေကွဲလှပါပြီ။

မေမေဆုံးလို့ ကိုယ့်ကို အားပေးနှစ်သ်ိမ့်ပေးမဲ့ဦးကလည်း အနားမှာမရှိတော့ဘူးဆိုတော့ သမီးဘယ်လိုဖြေရပါ့မလဲ။ရှေ့ဆက်ရမဲ့အနာဂတ်အတွက် သားနဲ့သမီးအတွက် အားတင်းထားပေမဲ့ အခုတော့အားပြန်လျော့သွားပြန်ပြီ။ ကံကြမ္မာရယ် တော်ပါတော့ မရက်စက်ပါနဲ့တော့ မခံစားနိုင်တော့လို့ပါ ” မလွင်မီမီကိုက ရေးထား ဖွင့်ဟလာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *