နွေးဦးလုံခြုံ‌ေရးမှ စစ်ကောင်စီတွေ ဖုန်းလိုင်းများအားလုံးကို ကြားဖြတ်နားထောင်မည်ဟု သတင်းထွက်‌ေပါ်လာမှု့အပေါ်လုပ်‌ေဆာင်ရမည့်ဆင်းမ်ကဒ် လုံခြုံရေးနည်းပညာ

 

ဆင်းမ်ကဒ် လုံခြုံရေး

ဩဂုတ်လထဲမှာပဲ စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ကြားဖြတ်နားထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အော်ပရေတာတွေကိုလည်း သုံးစွဲသူတွေရဲ့ ဖုန်း call log လို data တွေကို သုံးနှစ်အထိ သိမ်းထားရမယ်လို့ အမိန့်ပေးစေခိုင်းခဲ့တာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ အရေးကြီးလာတာကတော့ အသုံးပြုနေကြတဲ့ Sim card တွေရဲ့ လုံခြုံရေးပါပဲ။ Sim Card တွေကို အသုံးပြုပြီး ဖုန်းပြောဆိုခြင်း၊ SMS ပို့ခြင်းတွေဟာ ဒီအချိန်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ခြင်းကို အပြည့်အဝခံလိုက်ရပြီဖြစ်ပါတယ်။ ဖုန်း call တွေအတွင်းမှာ ပြောဆိုကြတဲ့ စကားတွေဟာ လွပ်လွပ်လပ်လပ်ပြောလို့ရတော့တာမဟုတ်ပဲ စစ်ကောင်စီအတွက် မလိုလားတဲ့ C*M လို၊ P*F လို စကားတွေပြောမိတဲ့အခါ အိမ်တိုင်ရာရောက် လက်ထိပ်ခတ်ခံရနိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။ SIM Card Safety ကို နားလည်ထားဖို့ တင်ပေးလိုက်ပါတယ်။

Sim Card ကို စွန့်ပယ်

အခုလို အင်တာနက်ရနေသေးတဲ့အချိန်မှာတော့ Sim Card ကတစ်ဆင့် ဖုန်းခေါ်ဆိုမှု၊ စာပို့မှုတွေကို လုံးဝစွန့်လွှတ်ပြီး Signal လို၊ Telegram လို ၊ SIlence လို ကြားဖြတ်နားထောင်လို့မရသော Encryption စနစ်ပါတဲ့ App တွေကတစ်ဆင့်ပဲ ဆက်သွယ်ပြောဆိုကြဖို့ တိုက်တွန်းပါတယ်။ ဒါဟာ အခုချိန်မှာ စစ်ကောင်စီက Target ထားခံရတဲ့သူတွေတင် လုပ်ဆောင်ရမယ့်အရာမဟုတ်ပဲ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ကိုတန်ဖိုးထားသူတွေ၊ ကိုယ်လုံခြုံရေးကိုတန်ဖိုးထားသူတိုင်း လုပ်ဆောင်ရမယ့်အရာပါ။ Signal၊ Telegram နဲ့ Silence တို့ ဘယ်လိုသုံးရမလဲဆိုတာတော့ Channel မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ လုံခြုံရေးဆိုဖြစ်မှ အရေးကြီးမှန်းသိရတာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ ကာကွယ်ထားခြင်းပါပဲ။

Sim Card မထုတ်ပစ်ခင်

နောက်ပြုလုပ်သင့်တာကတော့ ကိုယ့်နာမည် နဲ့ Register လုပ်ထားတဲ့ Sim Card ကို မသုံးနေသင့်တော့ပါဘူး။ Registered လုပ်ထားပြီးသား Sim Card များကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။ တခုသတိထားရမှာကတော့ Sim Card ကို မထုတ်ခင်မှာ Two Factor Authentication ကိ်ု ဖုန်းနံပါတ်နဲ့ ထားထားတာတွေကို အရင်ထုတ်ပယ်ပြီး Google Authenticator လို App မျိုးတွေနဲ့ Backup code တွေကိုပြောင်းလဲထားသင့်ပါတယ်။ KBZ Pay လို၊ CB Pay လို ဖုန်းနံပါတ် နဲ့ Login လုပ်ရတဲ့ banking app တွေကို ပြောင်းလဲနိုင်ရင်ပြောင်းလဲသင့်ပြီး မပြောင်းလဲနိုင်ပါက ပြန်လည် Login လုပ်ဖို့အတွက် Sim Card ကိုတော့ သေချာသိမ်းထားသင့်ပါတယ်။ Sim card ကို အလွယ်တကူ ပစ်ပြန်ရင်လည်း Banking app တွေကို ကောက်ရသူက တခြားဖုန်းမှာ ထည့်ပြီး ကိုယ့် Bank account တွေ၊ Mobile Wallet မျိုးတွေကို ဝင်ရောက်နိုင်တာကို သတိထားသင့်ပါတယ်။

Sim Card ပွားခြင်း

အော်ပရေတာတွေဟာ အခုချိန်မှာ စစ်ကောင်စီရဲ့ လက်အောက်ကို ကျရောက်နိုင်နေတဲ့အတွက် ကိုယ့် Sim card ကို Clone လုပ်နိုင်စွမ်းလည်း ရှိနေပါတယ်။ Sim card Clone လုပ်ခြင်းကို Showroom တွေမှာ Sim card ပျောက်တာဖြစ်ဖြစ်၊ 4G သွားပြောင်းတာဖြစ်ဖြစ် လုပ်ဖူးတဲ့သူတွေ သိပါတယ်။ Sim Card အလွတ်ထဲကို ကိုယ့် Sim card ရဲ့ နံပါတ်ကို လွှဲပြောင်းလိုက်ခြင်းလို့ နားလည်လို့ ရပါတယ်။ အကောင့်တွေကို ဖုန်းနံပါတ် နဲ့ ဖွင့်ထားခြင်း၊ Recovery မှာ Phone Number ထည့်ထားခြင်း နဲ့ Two Factor Authentication ခံထားခြင်းတွေ လုပ်ထားမယ်ဆိုရင် ကိုယ်က Target ထားခံရတဲ့သူဖြစ်ပါက မိမိအကောင့်တွေထဲကို ဝင်ရောက်နိုင်တဲ့ တံခါးပေါက်ကို ဖွင့်ပေးထားသလိုပါပဲ။ Banking app တွေထဲကိုလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အထိမ်းသိမ်းခံရသူရဲ့ ဖုန်းဟာ Password ခံထားလို့ ဖွင့်မရပေမယ့် ဖုန်းထဲက Sim card ကိုတော့ ဖြုတ်ပြီး တခြားဖုန်းတစ်လုံးထဲကို ထည့်သွင်း အသုံးပြုလို့ရပါတယ်။ Contact တွေကို Sim Card ထဲမှာ မှတ်တတ်တဲ့သူဆိုရင်တော့ တခြားဖုန်းထဲမှာ အထိမ်းသိမ်းခံရတဲ့သူရဲ့ Contact တွေကို ရနိုင်ပါတယ်။ တစ်ယောက်ယောက်က အထိမ်းသိမ်းခံရတဲ့သူကို ဖုန်းဆက်တာမျိုး၊ SMS ပို့တာမျိုး လုပ်ခဲ့ရင်လည်း စစ်ကောင်စီက သိရှိနိုင်သွားပါတယ်။

သတိပြုရန်

ရှေ့ဆက်အဆင့်တွေကို မဆောင်ရွက်ခင်မှာ

SIM PIN ကို မမေ့ဖို့ အလွန်အရေးကြီးပါသည်။

SIM PIN ထဲကို မဝင်ခင် ဝယ်ကာစက ကဒ်လေးကို အရင်ရှာပါ။

ကဒ်မရှိတော့ပါက မိမိသုံးတဲ့ အော်ပရေတာရဲ့ PIN ကို Online က ရှာဖွေပါ။

PUK Code ကိုလည်း မှတ်ထားပါ။

ဒီအချက်တွေ ပြည့်စုံမှ SIM Lock လုပ်တာကို ဆက်လက်လုပ်ဆောင်ပါ

Sim Card ကို Lock ခံထားခြင်း

ဒါကို ကာကွယ်ဖို့ Sim Card ကို Lock ခံထားနိုင်ပါတယ်။ ဖုန်း Setting ထဲက Security Setting တွေထဲတွင် Lock Sim Card ကတစ်ဆင့် Sim card ကို PIN ဖြင့် Lock ခတ်ထားနိုင်ပါတယ်။ Setting ထဲက Search Bar တစ်ဆင့်လည်း ရှာဖွေနိုင်ပါတယ်။

iOS မှာဆိုရင်တော့ Setting ထဲက Cellular ထဲမှာ SIM PIN ကနေ PIN ခံနိုင်ပါတယ်။ “ Change PIN ” ကို ရွေးလိုက်ပါက PIN တစ်ခုအရင်တောင်းပြီး ထည့်ရမှာကတော့ SIM Card တွေဝယ်ကာစမှာပါတဲ့ ကဒ်မှာ ပါတဲ့ PIN ပါ။ PIN တွေဟာ အော်ပရေတာအလိုက်ကွဲပါတယ်။ ထို PIN ကို ရိုက်ထည့်ပြီး မိမိထားလိုသော PIN အသစ်ကို နှစ်ခါရိုက်ထည့်ကာ ပြောင်းလဲနိုင်ပါတယ်။ ထို PIN ဟာ တခြားဖုန်းတစ်လုံးထဲမှာ SIM Card ကို ထည့်သွင်းလိုက်တဲ့အခါမှာ တောင်းမယ့် PIN ပါ။ ( ၃ ) ခါသာ မှားယွင်းခွင့်ရှိတဲ့အတွက် လုံးဝမမေ့ဖို့ လိုအပ်ပါတယ်။ PIN မေ့သွားပါက ဖုန်းကောအဝင်ရော၊ အထွက်ပါ အပြင် စာပို့ခြင်းကိုလည်း ပိတ်ပင်လိုက်မှာပါ။ PIN ကို မမေ့ဖို့ အလွန်အရေးကြီးပါသည်။ Bank Account နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းတွေဂရုစိုက်လုပ်ပါ ခင်ဗျာ။

#နွေဦးလုံခြုံရေး

#springrevolutionsecurity

Leave a Reply

Your email address will not be published. Required fields are marked *