နတလ ဒုညွှန်မှုးအား CDM ပြုလုပ်ရန်ဖြောင်းဖြသော်လည်း ရန်ပြုသဖြင့် သုတ်သင်ခဲ့ရကြောင်းထားဝယ် PDF ထုတ်ပြန်‌ေကြငြာ

ထားဝယ်မြို့မှ နတလ ဒုညွှန်မှုးနှင့်ဝန်ထမ်းတစ်ဦးတို့အား ထားဝယ် PDF မှ CDM ပြုလုပ်ရန် ဖြောင်းဖြသော်လည်း ၎င်းတို့နှစ်ဦကြောင့် PDF တစ်ဖွဲ့လုံး အန္တရယ် ရှိလာသဖြင့် သုတ်သင်ခဲ့ရကြောင်း ထားဝယ် PDF အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ပြည့်သူ့ကာကွယ်ရေးတပ် ဖွဲ့ ( ထားဝယ်)မှ တပ်ဖွဲ့ဝင်များပုန်းခိုရာသို့ အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၇ ရက်ကရှာဖွေတောနင်းမီးရှို့ မှုများကြောင့် PDFပျောက်ကျားတပ်ဖွဲ့မှ ပုန်းခိုနေစဉ်ဩဂုတ် ၂၈ ရက်ညနေ ၂:၀၀ခန့် အချိန်၌ဦးသောင်းတန် နတလ ဒုညွှန်မှုးနှင့် ဝန်ထမ်းတစ်ဦးဆိုသူသည် ကားတစ်စီးဖြင့် ရောက်ရှိလာကာပုန်းခိုရာအဆောက်အဦးသို့ ဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ထိုသို့ PDF တပ်ဖွဲ့များပုန်းခိုနေစဥ်၄င်းတို့မှအခန်းငယ်တစ်ခုထဲ မှ PDF ညီအကိုများကတွေ့မြင်ခဲ့ကြသဖြင့်၄င်းနှစ်ဦးအား နေရပ် အလုပ်အကိုင် နာမည် မေးမြန်းစစ်ဆေးမှုများပြုလုပ်သောအခါ ၌ စစ်ကောင်စီ၏လက်ပါးစေဖြစ်ကြောင်း ယခင်တပ်စွဲခဲ့သော အခန်းများအမှိုက်များ ရှင်းလင်းရန် ရောက်လာခဲ့ကြောင်းသိရခဲ့သည်။

ထို့နောက်၄င်းတို့ဖုန်းများထဲ ရှာဖွေစစ်ဆေးရာ ရုံးစာရွက်္များနှင့် တိတ်တခိုးရိုက်ယူ ထားသော သာမာန်ပြည်သူလူတချို့၏ ပုံများစွာ ကားထဲမှ ရိုက်ယူထားသောပုံများနှင့်တကွ ရှာဖွေတွေ့ရှိခဲ့သည်။ 

ထပ်မံ၍ အချိန်ညနေစာင်းလာသည်နှင့်အမျှဖြစ်လာတော့မည်အန္တရယ်အငွေ့အသက်္များအရ DPDF တပ်ဖွဲ့စုမှ ဦးသောင်းတန်အား CDM လုပ်ပေးပါရန် နှင့် CDM ပြုလုပ်မည်ဆိုပါက ချက်ခြင်းလွှတ်ပေးပီးညမမှောင်ခင် အကုန်စွန့်ခွါသွားကြမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့ပါသည်။ 

သို့ရာတွင် ၄င်း တို့မှ မလုပ်နိုင်ကြောင်း ငါဘယ်သူလဲလို့မင်းတို့ထင်ကြလဲ မလုပ်နိုင်ဘူး အသေပဲ့ခံမည်ဖြစ်ကြောင်းပြောဆိုရင်း ဆဲဆိုအော်ဟစ်ကာ ၄င်းတို့နှစ်ယောက်မှ ရန်မူခြင်း အသွင်းပြောင်းကာ စတင်တိုက်ခိုက်ခြင်းထွက်ပြေးခြင်းများလုပ်ဆောင်လာခဲ့ကြသည်။

သို့ဖြစ်ပါ၍ ကျနော်တို့ DPDF တစ်ဖွဲ့လုံး၏ အန္တရယ် အလွန် ရှိလာခဲ့ပီး နောက်ထို စစ်ကောင်စီ လက်ပါးစေ နှစ်ယောက်အားရှင်းလင်းခဲ့ရကြောင်း Dawei People Defense Forceထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *